နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး အိန္ဒိယနိုင်ငံ National Defence College ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ


(ပြည်တွင်း) စက်တင်ဘာ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ National Defence Collage မှ အကြီးတန်းနည်းပြအရာရှိ(Senior Directing Staff)ဖြစ်သူ Major General Ajay Kumar Singh, AVSM, SM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေး၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပြီး အမှတ် တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ကြကာ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)နှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ National Defence Collage မှ အကြီးတန်း နည်းပြအရာရှိ(Senior Directing Staff) ဖြစ်သူ နှင့်အတူ သင်တန်းသား အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိသူ များတက် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဆွေဇင်

Telegram»…
https://t.me/positiveanglenews

PAN