အကြမ်းဖက်မှုပြုလုပ်ရန်ရောက်ရှိနေသည့် PDF များကို ရဲတပ်ဖွဲ့ဝင်ရောက်ဖမ်းဆီး

(ပြည်တွင်း) စက်တင်ဘာ ၂

မွန်ပြည်နယ် ပေါင်မြို့နယ် သဗြုချောင်ကျေးရွာကျေးရွာ၊ ဈေးတန်းအတွင်းအကြမ်းဖက်အဖွဲ့ဝင် လူငယ်(၁၀)ဦး ခန့်ရောက်ရှိစုဖွဲ့နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၂ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်PDF ၁၀ ဦးခန့် ဝိုင်းဖွဲ့ထိုင် နေသည်ကို တွေ့ရှိရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးခံရန်ပြောဆိုရာ လူငယ်(၆)ဦးခန့်မှာ ထွက်ပြေးသွားပြီး ၎င်းထွက်ပြေးသွားသည့် လူငယ်အုပ်စုအတွင်းမှလူငယ်(၁)ဦး၏ ခါးတွင် ပစ္စတို (အမျိုးအစား စီစစ်ဆဲ)ဟုထင်ရသောလက်နက်ငယ် (၁)လက်အားတွေ့ရှိရသဖြင့် ခြောက်လန့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ခြောက်လှန့်ပစ်ခတ်မှုကြောင့် မောင်စူပါထော(၁၉)နှစ်၊ (ဘ)ဦးနန်းညွှန့်၊ သဗြုချောင်ကျေးရွာ၊ ရပ်ကွက်(၆)၊ ပေါင်မြို့နယ်နေသူ၏ ယာဘက်ပေါင်အရင်းတွင် ကျဉ်ဖောက် ဝင်ဒဏ်ရာ(၁)ချက်ရရှိခဲ့ပြီး ၎င်းနှင့် အတူကျန်ခဲ့သော အောင်မင်းထွန်း(သ)၃၀နှစ်၊ (ဘ)ဦးမြတ်သူ၊ ယာဉ်မာင်းလုပ်၊ သဗြုချောင်ကျေးရွာ၊ ကျော်ထက်ဦး(၁၆)နှစ် (ဘ) ဦးထွေးဦး သဗြုချောင်ကျေးရွာ၊ ချမ်းမွန်(သ)၁၈နှစ် (ဘ) ဦးမောင်ခင်၊ သဗြုချောင်ကျေးရွာနေသူတို့အား ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းတို့အားစစ်ဆေးရာ မောင်စူပါထော ဆီးနင်းခဲ့သော ဆိုင်ကယ်နောက် ထိုင်ခုံအောက်ဘောက်အတွင်းမှ MG -1 အမျိုးအစား လက်ပစ်ဗုံး(၁)လုံးနှင့် မူးယစ်ဆေး ဝါးဟုယူဆရသော WYတံဆိပ်ပါ လိမ္မော်ရောင် ဆေးပြား(၂၀) ပြားတို့အားတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာ သပြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏အဖေဖြစ်သူအား PDF အကြမ်းဖက်သမားများမှ ပစ်ခတ်မှုဖြစ်စဥ်နှ​​စ်ကြိမ်ဖြစ်ပွားခဲ့ရာ ဒုတိယအကြိမ်၌ အုပ်ချုပ်ရေးမှူး၏ဖခင်အား PDF များမှ နေအိမ်၌ ဝင်ရောက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယခုဖြစ်စဥ်အတွင်း ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုဆောင်ရွက်ပေးထားပြီး ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျှက်ရှိ​ကြောင်း သိရသည်။

အောင်မောင်း(ရာမညမြေ)

#PAN