SSPP/SSA လက်နက်ကိုင်က ရပ်စောက်မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လုပ်ငန်းရှင်များအား ခေါ်ယူ၍ ဆက်ကြေးငွေများ ကောက်ခံ


(ပြည်တွင်း) စက်တင်ဘာ ၂

ရပ်စောက်မြို့နယ်၊ ပွေးကျေးရွာအုပ်စု၊ ဘန်းကွေးကျေးရွာ ခအနီး၌အခြေပြုလျက်ရှိသော SSPP/SSA လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်(စိစစ်ဆဲ)အင်အား ၅၀ ဦးခန့်အနက် (အဆင့်/ခေါင်းဆောင်စိစစ်ဆဲ)အင်အား ၁၀ ဦး ခန့်သည် ဩဂုတ်လ ၃၁ ရက် နံနက် ၁၀ နာရီခန့်က ဘန်းကွေးကျေးရွာဓမ္မာရုံ၌ ရပ်စောက်မြို့ပေါ် ရပ်ကွက်များအတွင်း ရောင်းဝယ်ရေးလုပ်ငန်းရှင် များအား ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့ ခေါ်ယူတွေ့ဆုံခဲ့ပြီး ဈေးတန်းရပ်ကွက်ရှိ “သူရိယ” ပရိဘောဂပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဦးလှကျော်ရှိန်နှင့် မြို့ပေါ်ရပ်ကွက်များရှိ “မြတ်ဟိန်း” ပရိဘောဂ ပစ္စည်းအရောင်းဆိုင်၊ “ချင်းတွင်းဆန်း” ပရိဘောဂပစ္စည်းအရောင်းဆိုင်၊ “ဖြိုးဖြိုး” ရွှေရတနာဆိုင်၊ “လင်းရောင်ခြည်”အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်၊ “ရတနာ”အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ “ဖြိုးပြည့်စုံ” အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်၊ “ဇော်ဇော်” လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ “ခေတ်သစ်” ဓာတ်မြေ ဩဇာအရောင်းဆိုင်နှင့် “ဒေါ်အေးပြုံး” သံတိုသံစရောင်း/ဝယ်ရေးဆိုင်တို့မှ တာဝန်ခံ ၁၀ ဦးတို့နှင့် တွေ့ဆုံခဲ့ပြီး(အဆင့်/ခေါင်းဆောင်စိစစ်ဆဲ)မှ ပရိဘောဂ ပစ္စည်းအရောင်းဆိုင်၊ ရွှေရတနာရောင်းဝယ်ရေးဆိုင်၊ သံတိုသံစရောင်း/ဝယ်ရေးဆိုင်နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တို့အား ခေါ်ယူတွေ့ဆုံခဲကြောင်း သိရသည်။

ထိုသို့တွေ့ဆုံပြီး ၎င်းတို့အဖွဲ့အတွက် ဆက်ကြေးငွေ တစ်ဆိုင်လျှင် သိန်း ၂၀ ကျပ် နှုန်းဖြင့်လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ၁ ဆိုင်လျှင် သိန်း ၅၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဓာတ်မြေဩဇာအရောင်းဆိုင်အား သိန်း ၄၀ ကျပ်နှုန်းဖြင့်လည်းကောင်း ကောက်ခံ၍ ဆက်ကြေးငွေများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်အရောက် ၎င်းတို့အခြေပြုနေရာသို့ လာရောက်ပေးဆောင်ရန်ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN