အကြမ်းဖက်သမားထောင်ထားသည့်တိုက်မိုင်း ကြောင့် အရပ်သားစိုးရိမ်ဒဏ်ရာရ

(ပြည်တွင်း) စက်တင်ဘာ ၂

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာအုပ်စု ကုန်းမြင့်သာယာကျေးရွာတွင် အရပ်သားတစ်ဦး မိုင်းစထိမှန်ဒဏ်ရာရရှိသဖြင့် ဆေးရုံတက် ကုသခံနေရကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ် အေးကမ္ဘာကျေးရွာ၊ ဝဲခမိကျေးရွာအုပ်စု၊ နေသူသည် ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ ကုန်းမြင့်သာယာကျေးရွာ၊ Eon Saw Mon ရာဘာစက်ရုံအနီးရှိ တောထဲတွင် ဝဥရှာဖွေတူးဖော်ရန် သွားရောက်စဉ် အကြမ်းဖက်သောင်းကျန်းသူများထောင်ထားသော လက်လုပ်တိုက်မိုင်း(၁) လုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့တက်ရောက်ကုသမှုခံယူနေရကြောင်း သိရသည်။

သောင်းကျန်းသူများ၏ တိုက်မိုင်းပေါက်ကွဲမှုကြောင့်ဦးမြင့်ကြည်၏ ဝဲဘက်လက်မောင်း/ ဝဲလက်ဖျံတွင် မီးလောင်ကျွမ်း ဒဏ်ရာ၊ ဝဲခြေသလုံး မီးလောင်ပေါက်ပြဲဒဏ်ရာနှင့် ယာဘက် မျက်ခုံးပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ) တို့ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မိုင်းစထိမှန်သူ ဦးမြင့်ကြည်အား သံဖြူဇရပ်ဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံသို့ သံဖြူဇရပ်မြို့နယ်၊ စေတနာရှင်နာရေးကူညီမှုအသင်းမှ လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခါးကြောင်း သိရသည်။

#PAN