ရုရှားက ယူကရိန်း၏ဒရုန်း အမြောက်အမြားဖြင့် တိုက်ခိုက်မှုကို တွန်းလှန်ဟန့်တားနိုင်ခဲ့


(နိုင်ငံတကာ) စက်တင်ဘာ ၂

ယူကရိန်းစစ်ဘက်က စက်တင်ဘာလ ၁ ရက်တွင် ရုရှားနိုင်ငံအတွင်းရှိ စွမ်းအင် အဆောက်အအုံပစ်မှတ် များအပေါ် ဒရုန်းအမြောက်အမြားဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ထိုတိုက်ခိုက်မှုကို တွန်းလှန် ဟန့်တားလိုက်နိုင်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တိုက်ခိုက်လာသော ယူကရိန်း ၏ဒရုန်း ၁၅၈ စင်းကို ရုရှားနိုင်ငံရှိ ဒေသပေါင်း ၁၂ ခုကျော်မှနေ၍ ဒုံးကျည်များဖြင့် ပစ်ချခြင်း၊ အီလက်ထရောနစ် စစ်ဆင်ရေးလက်နက်များဖြင့် ကြားဖြတ်ဟန့်တားနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုတွင် ဒရုန်းများပျက်ကျမှုကြောင့် မီးလောင်မှုအချို့သာရှိကြောင်းနှင့် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု၊ ကြီးကြီးမားမား ပျက်စီးဆုံးရှုးမှုတို မရှိကြောင်း တာဝန်ရှိသူများက ပြောသည်။

ယူကရိန်းအနေဖြင့် ဇန်နဝါရီလမှစ၍ ရုရှားနိုင်ငံအတွင်းသို့လေယာဉ်ပုံစံဒရုန်းများ အသုံးပြုကာတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာသော်လည်း လူနေဒေသများအပေါ်သို့သာ ကျရောက်ခဲ့သည်။

ထိုအချိန်မှစ၍ ရုရှား က ယူကရိန်း၏ဓာတ်အားပေး အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ယခုအခါ ယူကရိန်းနိုင်ငံတွင် နျူကလီးယားမဟုတ်သော အခြားစွမ်းအင်အသုံးပြုဓာတ်အားပေး စက်ရုံများ လည်ပတ်နိုင်ခြင်း မရှိတော့ကြောင်း RT သတင်းဌာန က ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် မြေပြင်တွင် ရုရှားတပ်များက ယူကရိန်းနိုင်ငံအရှေ့ပိုင်းရှိအဓိကကျသောမြို့ကို အောင်မြင်စွာချီတက်စစ်ဆင်ဝင်ရောက်လာနေကြောင်းယူကရိန်း တာဝန်ရှိသူများက ပြောထားသည်ဟု သိရသည်။

ဆွေဇင်

Telegram»…
https://t.me/positiveanglenews

PAN