ခင်ဦးမြို့နယ် မဒေါင်းလှကျေးရွာအနီး အကြမ်းဖက် PDF အလောင်းများ၊ လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း) စက်တင်ဘာ ၂

ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှရွာဝန်းကျင်ကို လုံခြုံရေးအဖွဲ့များက နယ်မြေအသေးစိတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့သို့ ရှင်းလင်းရာ အကြမ်းဖက် PDF အလောင်း ၄ လောင်း၊ KA သေနတ် ၃ လက်၊ မောင်းပြန်ရိုင်ဖယ်သေနတ် ၁ လက်၊ ကျည်အိမ် ၄ ခု၊ ကျည်မျိုးစုံ ၃၇ တောင့်၊ အိုင်ကွန် ၄ လုံး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ဘက်ဟိုးယာဉ် ၁ စီး တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်မြေတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် စစ်ကြောင်းစစ်ဖွဲ့များက နယ်မြေလျှိုဝှက်သတင်းရယူကာ ဆောင်ရွက်ရှင်းလင်းလျှက်ရှိကြောင်း မြေပြင်သတင်းများအရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ