PDF များ၏ ဖမ်းဆီး‌ခြင်းခံရသော ပညာရေးဝန်ထမ်း ၅ ဦး ပြန်လည်လွတ်မြောက်လာ

(ပြည်တွင်း) စက်တင်ဘာ ၁

PDF အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာရှိ အထက(ဝဲခမိ)ကျောင်းမှ ကျောင်းအုပ်အပါအဝင် ပြည်ညာရေးဝန်ထမ်းများ ပြန်လည်လွတ်မြောက် လာကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံရသော ကျောင်းအုပ်ဆရာကြီးအပါအဝင် ဆရာ/မ ၅ ဦးမှာ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် (ဒုမူပြ)နှစ်ဦး၊ အထက်တန်းပြ ၂ ဦး စုစုပေါင်း ၅ ဦးတို့သည် ဩဂုတ်လ ၂ ရက်နေ့က ဝဲခမိကျေးရွာရှိ အထက(ဝဲခမိ)ကျောင်းတွင် ကလေးငယ်များအား စာသင်ကြားနေစဥ် PDF အကြမ်းဖက်များမှ ကျောင်းဝင်းအတွင်းသို့ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ပညာရေးဝန်းထမ်း ၅ ဦးအား ယမန်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ဝဲခမီကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဝဲခမီကျေးရွာမှ သံဖြူဇရပ်မြို့နယ်ပညာရေးမှူးရုံးသို့ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

PAN