မြို့သာရဲစခန်းကိုဝင်ရောက်တိုက်သည့်PDF အကျအဆုံးနဲ့ထွက်ပြေးရ

(ပြည်တွင်း) စက်တင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၊ မြို့သာနယ်မြေရဲစခန်းအား အ​ကြမ်းဖက် PDF များမှ ယနေ့ စက်တင်ဘာ ၁ ရက်နေ့ နံနက် ၇ အချိန်ခန့်မှစတင်၍အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဝင်ရောက်ပစ်ခတ်တိုက်သည့် PDF အကြမ်းဖက်များအား မြို့သာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့ခြင်း၊ စစ်ကူစစ်ကြောင်းများမှ အချိန်မှီ သွားရောက်ကာ စစ်ကူပစ်ကူပေးခြင်း၊ ဝိုင်းပတ်ပိတ်ဆို့ချေမှုန်းပေးခြင်းတို့ကြောင့် နံနက် ၁၁ အချိန်ခန့်တွင် PDF များ အထိအခိုက် အကျ အဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ဆုတ်ခွာထွက်ပြေးသွားသည့် PDF များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထပ်ကြပ်လိုက်လံချေမှုန်းခဲ့ရာ အကြမ်းဖက် PDF အလောင်း ၃ လောင်း၊ Type-81 သေနတ် ၁လက်၊ ၉မမ ပစ္စတို ၁လက်၊ ကျည်ဘောက် ၃ခု၊ ပစ္စတို ကျည်ဘောက် ၃ခု၊ လက်ပစ်ဗုံး ၃လုံး၊ 7.62 ကျည် ၁၂၅တောင့်၊ Type-81 ကျည် ၃၉၂တောင့်၊ 5.56ကျည် ၂၀တောင့်၊ USA LUGA ကျည် ၂၁တောင့်၊ ၄၀-မမ ဗုံးသီး ၄လုံး၊ ကျည်ကာအင်္ကျီ ၃ထည်၊ ကျည်ကာဦးထုပ် ၃လုံး၊ icon ၅လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#PAN