အွန်လိုင်းမှသင်ကြားပေးမည့် ဥပဒေဘွဲလွန်သင်တန်း တက်ရောက်လိုသူများ လျှောက်ထားနိုင်


(ပြည်တွင်း) စတင်ဘာ ၁

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း အွန်လိုင်းမှတစ်ဆင့် သင်ကြားနိုင်မည့် ဥပဒေဘွဲလွန်သင်တန်းကို ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်က ထုတ်ပြန်ချက်ထားရှိပါတယ်။

Post Graduate Diploma in Law(PGDL) ဥပဒေဘွဲလွန်သင်တန်းကို တက်ရောက်လိုသူများအနေဖြင့် သင်တန်းဝင်ခွင့်ကို စက်တင်ဘာလ ၅ ရက်မှစတင် ၍ ရန်ကုန်အဝေးသင်တက္ကသိုလ် Websit https://law.hrd.yude. edu.xn--mm-l1j5j/ မှတစ်ဆင့် အွန်လိုင်းဝင်ခွင့်လျှောက်လွှာဖြင့် လျှောက်ထားရမှာ ဖြစ်ပါတယ်။

အွန်လိုင်းဝင်ခွင့်အောင်မြင်၍ သတ်မှတ်အရည်အချင်းဖြင့် ပြည့်စုံသူတွေကို email မှ တစ်ဆင့် သင်တန်းတက်ရောက်နိုင်ခွင့်ကို အကြောင်းကြားပေးမည်ဖြစ်ကာ အောက်တိုဘာလ ၁ ရက်မှစတင်ကာ သင်တန်းသို့ တက်ရောက်ရမှာ ဖြစ်ပါတယ်။

သင်တန်းကာလမှာ ၁၀ လဖြစ်ပြီး သင်တန်းဝင်ခွင့်ရရှိသူများအနေနဲ့ စက်တင်ဘာလ ၂၃ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ ရုံးချိန်အတွင်း ရန်ကုန်အဝေးသင် တက္ကသိုလ်တွင် ကျောင်းအပ်နှံရမှာ ဖြစ်ပါတယ်။

ယခုဖွင့်လှစ်မည့်သင်တန်းမှာ (၁၈)ကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ