ထိုင်းနိုင်ငံရှိ လိုဏ်ခေါင်းပြိုကျမှု၌ ပိတ်မိနေသူများအနက် မြန်မာအလုပ်သမားကို အသက်ရှင်လျက် တွေ့ရှိ


(နိုင်ငံတကာ) ဩဂုတ် ၂၉

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း အီဆန်ဒေသ နခွန်ရတ်ချာဆီမာမြို့ရှိ လိုဏ်ခေါင်းပြိုကျမှု၌ ပိတ်မိနေသူများအနက် မြန်မာအလုပ်သမားကို ဩဂုတ်လ ၂၈ ရက်တွင် အသက်ရှင်လျက် ပထမဆုံးရှာဖွေတွေ့ရှိကြောင်း သိရသည်။

တရုတ်-ထိုင်း နှစ်နိုင်ငံကြား မြန်နှုန်းမြင့်မီးရထားလမ်းဖောက်လုပ်ရာတွင် တစ်စိတ်တစ်ပိုင်းပါဝင်သည့် ထို လိုဏ်ခေါင်းကို ဖောက်လုပ်နေစဉ် ဩဂုတ်လ ၂၅ ရက် နံနက် ၁ နာရီခန့်၌ မြေပြိုမှုဖြစ်ပွားခဲ့သောကြောင့် လိုဏ် ခေါင်းပြိုကျမှုဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦးနှင့်တရုတ်နိုင်ငံသားနှစ်ဦးတို ပိတ်မိသွားခဲ့သည်။

မြန်မာနိုင်ငံသား မှာ မြေသယ်ယာဉ်မောင်းသူဖြစ်ပြီး တရုတ်နိုင်ငံသားနှစ်ဦးအနက် တစ်ဦးမှာ ကြီးကြပ်သူဖြစ်ကာ ကျန်တစ်ဦးမှာ မြေတူးစက်မောင်းသူ ဖြစ်သည်။ ထို့နောက် ကယ်ဆယ်ရေးအဖွဲ့များက နေရာမတူသည့် ပိတ်မိနေသူသုံးဦးစလုံး၏ နေရာများကို ရှာဖွေမှုများလုပ်ဆောင်ရာ မြန်မာအလုပ်သမားကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲများသည် မတော်တဆမှု ဖြစ်ပွားစဉ်ကတည်းက လိုဏ်ခေါင်းအတွင်းသို အောက်စီဂျင်များ ပိုလွှတ်ခြင်း၊ မြေသားများ၊ အပျက်အစီးများကို ဖယ်ရှားရှင်းလင်းခြင်းများလုပ်ဆောင်ကာ ပိတ်မိနေသူများကို ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ပိတ်မိနေသူများအားလုံး၏ နေရာကို တွေ့ရှိပြီဖြစ်သောကြောင့် ၎င်းတို့ကို ကယ်ဆယ်နိုင်ရေးအတွက် အစွမ်းကုန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောထားကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ