ငါန်းဇွန်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် အကြမ်းဖက် PDF အဖွဲ့မှ အဓမ္မလူသစ်စုဆောင်း


(ပြည်တွင်း) ဩဂုတ် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာတွင် အကြမ်းဖက် PDF များမှ ဩဂုတ်လ ၁၉ ရက်နေ့က ငါန်းမြာကြီး နယ်မြေရဲစခန်းအား တိုက်ခိုက် မီးရှို့ခဲ့ပြီးနောက် ငါန်းဇွန်မြို့နယ် အနောက်ဘက်ခြမ်းတွင် လုံခြုံရေးအထိုင်စခန်းများ မရှိတော့သဖြင့် အကြမ်းဖက် PDF များက ငါန်းမြာကြီးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများတွင် လက်နက်များ ပေါ်တင်ကိုင်ဆောင်ကာ သွားလာလှုပ်ရှားနေကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF များမှ ကျေးရွာအတွင်းရှိ လူငယ်များအား ခြိမ်းခြောက်ပြီး လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ လက်ရှိအချိန်တွင် ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာ၌ အကြမ်းဖက် PDF အင်အား ၃၀၀ နှင့် ၎င်းတို့ အသစ်စုဆောင်းထားသော အင်အား ၁၀၀၊ စုစုပေါင်း အင်အား ၄၀၀ ဦး စုဖွဲ့အခြေပြုနေကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN
ZN #SZ