ဘင်္ဂလားဒေ့ရှိနိုင်ငံတွင် ရေကြီးရေလျှံမှုဆိုးဆိုးရွားရွားကြုံတွေ့ခဲ့


(နိုင်ငံတကာ) ဩဂုတ် ၂၇

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဘင်္ဂလားဒေ့ရှိနိုင်ငံတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ရေကြီးနစ်မြုပ်မှုများသည် သန်းနှင့်ချီသည့် ဘင်္ဂလားဒေ့ရှ် ပြည်သူများအပေါ်သက်ရောက်မှုရှိခဲ့ပြီး အသေအပျောက်များလည်းရှိကြောင်းသိရသည်။

ဘင်္ဂလားဒေ့ရှ်သည် မကြာသေးမီက အစုလိုက်အပြုံလိုက် ဆန္ဒပြမှုများကြောင့် အစိုးရတစ်ရပ်ပြုတ်ကျခဲ့ပြီး ယခု ရေကြီးရေလျှံမှုသည် အစိုးရသစ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်းသိရသည်။

ရေကြီးနစ်မြုတ်မှုများကြောင့် လူပေါင်း ၃ သိန်းကျော် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုနေရပြီး လူပေါင်း ၅.၂ သန်းကျော် ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ