ဦးကင်းကြည်ကျေးရွာအတွင်းမှ အကြမ်းဖက်PDF ခေါင်းဆောင်း ၁ ဦးအရှင်ဖမ်းမိကာ ၎င်း၏အဖွဲ့ဝင်များ အသေပစ်ခတ်ဖမ်းဆီးရမိ


(ပြည်တွင်း)ဩဂုတ် ၂၅
ယနေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ၊ ပြည်သူ့စစ်လုံခြုံစခန်းများသို့ ရိပ်ခါနှင့်လက်နက်ခဲယမ်းများထောက်ပံ့ပို့ဆောင်သော လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ ဦးကင်းကြည်ကျေးရွာအတွင်း အကြမ်းဖက် PDFအဖွဲ့များရှိကြောင်းသတင်းအရ ဝင်ရောက်ရှင်းလင်းရာ ထိတွေ့မှုများဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ယင်းထိတွေ့မှုဖြစ်စဉ်တွင် လုံခြုံရေးအဖွဲ့ဝင်များထိခိုက်မှုမရှိပဲ အကြမ်းဖက်PDFခေါင်းဆောင်ဖြစ်သူ ၁ ဦးကိုအရှင်ဖမ်းမိကာ အကြမ်းဖက်PDF အလောင်း ၃ လောင်းအသေပစ်ခတ်ဖမ်းဆီးရမိကြောင်းသိရပါသည်။

ထို့အတူ ၎င်းအကြမ်းဖက်PDFအဖွဲ့များထံမှ လက်လုပ်စိန်ပြောင်း ၂ လက်၊ မောင်းပြန်AK ၂ လက်၊ စကားပြောစက် ၂ လုံး၊လက်လုပ်ဗုံးသီး ၅ လုံးရရှိခဲ့ကြောင်း မြေပြင်သတင်းများအရ သိရပါသည်။

#PAN