တရုတ် က အမေရိကန်နှင့်နျူကလီးယား လက်နက်ဖြင့် ပြိုင်ဆိုင်ရန် ဆန္ဒမရှိဟုဆို


(နိုင်ငံတကာ) သြဂုတ် ၃၃

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့်နျူကလီးယားလက်နက် အပြိုင်တပ်ဆင်ခြင်းအားဖြင့် ပြိုင်ဆိုင်ရန် ဆန္ဒမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် နျူကလီးယားနှင့်ပတ်သက်၍ တရုတ်နိုင်ငံအပေါ် စွပ်စွဲချက်များက အခြေအမြစ်မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မောင်နင်း က ပြောသည်။

အမေရိကန်နိုင်ငံ က တရုတ်နိုင်ငံကိုရည်ရွယ်၍ နျူကလီးယားမဟာဗျူဟာကို ပြောင်းလဲ သတ်မှတ်ထားသည်ဟု New York သတင်းဌာနက ဖော်ပြပြီးနောက် မောင်နင်း က ယခုကဲ့သို့ တုံပြန်လိုက်ခြင်း ဖြစ်သည်။

ထိုသတင်းထွက်ပေါ်လာမှုကို တရုတ်နိုင်ငံက အလွန်အမင်းစိုးရိမ်ရကြောင်း၊ အမေရိကန်နိုင်ငံက တရုတ် နိုင်ငံကို နျူကလီးယားအန္တရာယ်ဟု ခေါ်ဝေါ်ခြင်းသည် နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးအတွက် အမေရိကန်တို့ ပေးထားသော ကတိပြုမှုကို ရှောင်ရှားလိုသောကြောင့် အကြောင်းရှာခြင်းသာ ဖြစ်ကြောင်း မောင်နင်း က ပြောထားသည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ