ငါးရက်ကြာ ပျောက်ဆုံးနေသည့် ဗီယက်နမ်ကလေးငယ်အား အသက်ရှင်လျက်ပြန်လည်တွေ့ရှိ


(နိုင်ငံတကာ) ဩဂုတ် ၂၂

ဗီယက်နိုင်ငံတွင် ၅ ရက်ကြာ ပျောက်ဆုံးနေသည့် ၆ နှစ်အရွယ် ကလေးငယ်အား တောနက်ထဲတွင် အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်သည် ဗီယက်နမ်နိုင်ငံ အနောက်မြောက်ပိုင်း Yen Bai ပြည်နယ်တွင် နေထိုင်ပြီး ကစားဖော်များနှင့် ဆော့ကစားနေရင်း တောင်ကုန်းတစ်ခု ပေါ်သို့ လျှောက်သွားရာမှ ပျောက်ဆုံးသွားခဲ့သည်။

ကလေးငယ်အား ပျောက်ဆုံးသည့်နေရာနှင့် ၄ မိုင်နီးပါဝေးသည့် တောထဲတွင် ပြန်လည်တွေရှိခဲ့ပြီး အားအင်ကုန်ခမ်းနေကြောင်း ၎င်းအားတွေ့ရှိခဲ့သည့် လယ်သမား တစ်ဦးကဆိုသည်။

ကလေးငယ်ပျောက်ဆုံးသည့် သတင်းသည် ဗီယက်နမ်နိုင်ငံ လူမှုကွန်ယက်သုံးစွဲသူများအကြား ပြန့်နှံ့ခဲ့ပြီးနောက် ပြန်လည်တွေ့ရှိခဲ့သည့်အတွက် မိသားစုနှင့် ဝိုင်းဝန်းရှာဖွေကြသူများအား ဂုဏ်ပြုပြောဆိုခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ဒေသအာဏာပိုင်များ စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်နှင့် ဒေသခံသေတနာ့ဝန်ထမ်းများ အပါအဝင် လူပေါင်း ၁၅၀ ကျော် ပူးပေါင်းရှာဖွေခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ