ဇိမ်ခံရွက်လှေနစ်မြုပ်ပြီး ပျောက်ဆုံးနေသည့် ဗြိတိသျှသူဌေးအဖွဲ့၏ ရုပ်အလောင်းများ ဆယ်ယူတွေ့ရှိ


(နိုင်ငံတကာ) ဩဂုတ် ၂၂

အီတလီနိုင်ငံ၊ စစ္စလီကျွန်းတွငင် နစ်မြုပ်ခဲ့သည့် ဗြိတိသျှ ဇိမ်ခံရွက်လှေနစ်မြုပ်မှုမှ အလောင်းအချို့ကို ထပ်မံဆယ်ယူနိုင်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် တနင်္လာနေ့မှစတင်ကာ ရှာဖွေမှုအရ ပျောက်ဆုံးနေသည့် လူ ၇ ဦးတွင် ၅ ဦးထိ ရှာဖွေတွေ့ရှိခဲ့ပြီး ရုပ်အလောင်း ၅ လောင်းအား ကမ်းစပ်သို့ သယ်ဆောင်နိုင်ပြီဖြစ်ကြောင်းသိရသည်။

ပြန်လည်တွေ့ရှိသည့် ရုပ်အလောင်းများတွင် ရွက်လှေပိုင်ရှင်နည်းပညာသူဌေး၏ ဇနီး သမီးနှင့် Morgan Stanley Bank International ဥက္ကဋ္ဌ Jonathan Bloomerနှင့် ဇနီးတို့ ပါဝင်ကြောင်းသိရသည်။

အဆိုပါ ဇိမ်ခံရွက်လှေသည် ပြီးခဲ့သည့် တနင်္လာနေ့တွင် ဆိုးရွားသည့် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရွက်လှေတိမ်းမှောက်ကာ ပင်လယ်ကြမ်းပြင် အနက် ၁၆၄ ပေအထိ နစ်မြုပ်သွားခဲ့ကြောင်းသိရသည်။

အီတလီအာဏာပိုင်များသည် သေဆုံးသူများ၏ အမည်နှင့်အချက်အလက်များနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပမီဒီယာများအား ဖြေကြားရန် ယခုအချိန်အထိ ငြင်းဆိုထားဆဲဖြစ်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ