အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲ၊ တက္ကသိုလ်အဆင့် ပန်းချီပြိုင်ပွဲနှင့် အခြေခံအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပမည်


(ပြည်တွင်) ဩဂုတ် ၂၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုးနိုင်ခြေလျှော့ချရေးနေ့ကို ကျင်းပ သွားမယ်လို သိရပါတယ်။

အဆိုပါနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို၊ မျိုးဆက်သစ်တို စွမ်းအားမြှင့်တင်စို” ခေါင်းစဉ်နဲ့ အလွတ်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲ၊ တက္ကသိုလ်အဆင့် ပန်းချီပြိုင်ပွဲနှင့် အခြေခံပညာအဆင့် စာစီစာကုံး ပြိုင်ပွဲ ကျင်းပသွားမယ်လို သိရပါတယ်။

နေပြည်တော်မှာကျင်းပမယ့် အထိမ်းအမှတ် အခမ်းအနားနေ့မှာ ဆုရရှိသူများကို ဆုငွေနှင့် ဆုတံဆိပ်များ ချီးမြှင့်သွားမယ်လို သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ