ထရမ့်၏ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အချက်အလက်အချို့ကို အီရန်ဟက်ကာများခိုးယူခဲ့ဟုဆို


(နိုင်ငံတကာ) ဩဂုတ် ၂၀

သမ္မတလောင် ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးဆိုင်ရာ အချက်အလက်များအား အီရန်ဟက်ကာများ ဖောက်ထွင်းခိုးယူခဲ့ကြောင်းသိရသည်။

ထရမ့်၏ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်အား ရန်လိုသည့် နိုင်ငံတစ်ခုမှ ယခုကဲ့သို့ တရားမဝင်ဖောက်ထွင်းခဲ့ကြောင်း မီဒီယာများကို ဖြေကြားခဲ့သည်။

အမေရိကန်၏ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို(FBI)မှ အဆိုပါဖြစ်ရပ်အား စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အီရန်ဟက်ကာများ တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အီရန်၏ အမြဲတမ်းသံအမတ်ကြီးက အဆိုပါ ရေးသားပြောဆိုချက်များအား ငြင်းပယ်ခဲ့ပြီး အီရန်အစိုးရအနေဖြင့် အမေရိကန်ရွေးကောက်ပွဲနှင့်ပတ်သက်၍ တစ်စုံတရာ ရည်ရွယ်ထားခြင်းမရှိကြောင်း တုံပြန်ပြောဆိုခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ