အောင်မြေသာစံမြို့နယ်တွင် နေအိမ် ဓမြတိုက်ခံရပြီးအမျိုးသမီးတဦး သေဆုံး


(မှုခင်း) ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ အကွက် (၁၂၇)၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြား၊ ၈၆-F လမ်းတွင် ယမန်နေ့ညနေ ၅ နာရီခွဲအချိန်ခန့်က လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အောင်မြေသာစံရပ်ကွက် ဦးဇော်လင်း နေအိမ်သို့ အမျိုးသား ၂ ဦးနှင့် အမျိုးသမီ ၂ ဦးတို့မှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာခဲ့ပြီး ဒေါ်ခင်မာကြည်အား ခြောက်လှန့်ကာ အိမ်တွင်းပစ္စည်း (ရွှေထည်)များ ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

အခင်းဖြစ်သည့်နေရာတွင် နေအိမ်ပိုင်ရှင် ဦးဇော်လင်း၏ အစ်မဖြစ်သူ ဒေါ်ခင်မာကြည်၊ အသက် ၇၂ နှစ်၊ (ဘ)ဦးချစ်အေးသည် နံကပ် ၂ ထပ်၊ အောက်ထပ်ရှိ ကုတင်ပေါ်တွင် ပြင်ပဒါဏ်ရာ မတွေ့ရှိဘဲ ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်း၊ သေဆုံးသူ ဒေါ်ခင်မာကြည်မှာ သွေးတိုးရောဂါရှိကြောင်း တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ