ဖခင်ဖြစ်သူမှ အသက်(၁၄)နှစ်အရွယ်သမီးကို အဓမ္မပြုကျင့်မှု ဖြစ်ပွား


(ပြည်တွင်း)ဩဂုတ် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် ၊အမှတ်(၁) ၀မ်မိုင် ရပ်ကွက်တွင် တစ်အိမ်တည်းအတူနေထိုင်လျက်ရှိသည့် ဖခင်အရင်းဖြစ်သူ က ၎င်း၏သမီးအရင်းဖြစ်သူ အသက်(၁၄)နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သြဂုတ်လ(၁၁)ရက်နေ့က အမှတ်(၁) ၀မ်မိုင် ရပ်ကွက်တွင် ဖခင်အရင်းဖြစ်သူ ဦးရဲ၀င်းနိုင်(ခ)သားငယ် မှ ၎င်း၏ သမီးအရင်း ဖြစ်သူအား အဓမ္မပြုကျင့်သည်ကို သမီးဖြစ်သူက ရပ်ကွက်လူကြီးများထံ လွန်ခဲ့သည့် ၃ ရက်က တိုင်တန်းခဲ့ သည့်အတွက် သမီးအရင်းဖြစ်သူကိုအဓမ္မပြုကျင့်ခဲ့သူ ဦးရဲ၀င်းနိုင်(ခ)သားငယ်ကို မိုင်းဖြတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့၀င်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ ဆက်လက်၍ ရဲဝင်းနိုင်(ခ) သားငယ်အား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၁၆/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၇၆၊ အမှုကြီး အမှတ်စဉ် (၃/၂၀၂၄)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ယခုကဲ့သို့ ဖခင်အရင်းကိုမှီခို ကာနေထိုင်နေရသည့် (၁၄)နှစ်အရွယ်သမီးးဖြစ်သူ( မ—)မှာ ယင်းဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ခိုကိုးရာမဲ့ဖြစ်သွားခဲ့ရသည့်အပေါ် အဆိုပါ မိန်းကလေးအား ကျိုင်းတုံမြို့ရှိ အမျိုးသမီး အသက်မွေးအတတ် ပညာသင်ကျောင်းသို့ မြို့နယ်ရှိသက်ဆိုင်ရာဒေသအာဏာပိုင်များ၏ အစီအမံဖြင့် ပို့ဆောင်ပေးထားခဲ့ကြောင်း သိရှိရသည်။

PAN

ZN