ယောကာကွယ်ရေးတပ် (YDF)အဖွဲ့မှ ရဲဘော် ၁ ဦးအသတ်ခံရမှု ယခုအချိန်ထိ အရေးယူပေးခြင်းမရှိ


ဩဂုတ် ၁၉

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့၊ တန်ဆောင်တိုင်လပြည့်ညတွင် မကွေးတိုင်း‌ဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ရွာစည်ရွာသား တစ်ဦးဖြစ်သည့် ကိုမော်ကွန်းဆိုသူကို ယောကာကွယ်ရေးတပ် (YDF)အဖွဲ့မှ လင်းလင်းဆွေဆိုသူက သေနတ်ဖြင့် ဦးခေါင်းကို ထိုချိန်ကာပစ်သတ်ခဲ့မှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကိုမော်ကွန်းသည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ရွာစည်ရွာသား တစ်ဦးဖြစ်သလို လက်သမားနှင့်ပန်းရံဆရာတစ်ဦးဖြစ်ကြောင်း၊ အာဏာမသိမ်းခင်ကတည်းက သူ့အစ်ကိုနှင့်အမျိုးများရှိသည့် ဂန့်ဂေါမြို့နယ်၊ မြောက်ပိုင်းရှိ အလယ်ရွာသို့ မကြာခဏ သွားရောက်၍ အနေများခဲ့သူဖြစ်ကြောင်း၊တပ်မတော်မှ အာဏာထိန်းမှုဖြစ်စဉ်ဖြစ်ပေါ်ကာတော်လှန်ရေးစိတ် ပြင်းထန်သော ကိုမော်ကွန်းသည် ယောကာကွယ်ရေးတပ် (YDF) ထံသို့ဝင်ရောက်၍ စစ်သင်တန်းတက်ခဲ့ကာ တပ်သားတစ်ယောက်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ယောကာကွယ်ရေး(YDF)တွင် မောင်မော်ကွန်းက ခွင့်တစ်လယူထားတဲ့ အချိန်ဖြစ်တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့၊ တန်ဆောင်တိုင်လပြည့်ညတွင် ကိုမော်ကွန်းနှင့်ညီအစ်ကို တစ်ဝမ်းကွဲတော်စပ်သော ရွာစည်ရွာသား ကိုနေဆန်းတို့သည် အလယ်ရွာမှ တောင်ဘက်တစ်ဖာလုံခန့်သာ ကွာဝေးသော ရွာမရွာသို့ ဆိုင်ကယ်တစ်စီးဖြင့် အလည်သွားရောက်ခဲ့ရာ ၎င်းနေ့ ညနေ ၆ နာရီ၊ မိနစ် ၂၀ လောက်မှာ ရွာမက သူငယ်ချင်းက အလည်ခေါ်လို့ သွားကြတာဖြစ်ကြောင်း၊ အဲ့ဒီမှာ အလယ်ရွာက ကျတော်နဲ့နာမည်တူ နေဆန်းဦးဆိုတဲ့သူက ရွာမရွာမှာ ရောက်နှင့်နေတော့ အဲဒီ ညဦးပိုင်း ၇ နာရီလောက်မှာ ဆိုင်ကယ်ကို ၃ ယောက်စီးပြီး ပြန်လာကြကြောင်း ကိုနေဆန်း၏ပြောပြချက်အရ သိရပါသည်။

ထိုသို့ပြန်လာစဉ် ရွာမရွာအထွက် ကျေးရွာပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) ၏ လုံခြုံရေးဂိတ်အနီးအရောက်တွင် ဆိုင်ကယ်အား ဝါးရင်းတုတ် (သုံးတောင်ခန့်ရှိသော) ဖြင့် ဦးအောင်သောင်း၏ ဝါးရင်းဒုတ်ဖြင့်ရိုက်ချခြင်းကိုခံလိုက်ရကာ ဆိုင်ကယ်အရှေ့ကာဗာများကွဲ၍ ဆိုင်ကယ်သည်လည်း လဲကျသွားခဲ့ကြောင်း၊ ဆိုင်ကယ်လဲသွားတော့ လူကို ထပ်ရိုက်ဖို့ လုပ်တဲ့အချိန်မှာ တုတ်ကို ဆွဲလုပေမဲ့ လုမရဘူးဖြစ်ကြောင်း ၊ထိုအချိန်မှာ ဆိုင်ကယ်လဲသွားသည့် နေရာသို့ ဂိတ်အတွင်းမှ သေနတ်များ ကိုင်ဆောင်ထားသော ဂိတ်စောင့်နှစ်ဦးထွက်လာပြီး ၎င်းတို့ ၃ ဦးကို ဒူထောက်လက်မြောက်ခိုင်ကာ နဖူးကို သေနတ်နှင့်ထိုးချိန်ကာ ကိုမော်ကွန်း၏ ဦးခေါင်းကို ပစ်ထည့်လိုက်သည့်အတွက် ဦးခေါင်းပွင့်ထွက်ကာ ဦးနှောက်များသည် အတူယှဉ်ထိုင်နေသော ကိုနေဆန်း၏ တကိုယ်လုံးကို လွင့်စင်ကပ်ကုန်သည်အထိဖြစ်ခဲ့ရကြောင်းသိရသည်။

ကိုမော်ကွန်း၏ အလောင်းကို ၎င်းနေ့ညတွင်းချင်း ပလပ်စတိပ်အိပ်ဖြင်ထုပ်ပိုးကာ ပီနမ်အိပ်ထဲထည့်ပြီး မြစ်သာမြစ်ထဲမျော့ပစ်ခြင်းကိုခံခဲ့ရကြောင်း၊ အလောင်းကို ပုတ်ပွ၍ ပေါ်လာမှာသာ ဆယ်ယူရရှိကြောင်း၊ ယင်းဖြစ်စဉ်ကို ငွေကျပ် ၅ သိန်းဖြင့်ကြေအေးပေးရန်တောင်ဆိုခဲ့ကြောင်း၊ မိသားစုဝင်းများက လက်မခံပဲ ဥပဒေအတိုင်းတာ စီစဉ်ပေးရန်တောင်းဆိုခဲ့ရာ ၂၀၂၄ ခုနှစ် ယခုအချိန်အထိ လူသတ်မှုကျုးလွန်သူ သားအဖ နှစ်ဦးဖြစ်တဲ့ ဦးအောင်သောင်းနှင့်သားဖြစ်သူ လင်းလင်း‌ဆွေတို့မှာ တစုံတရာအရေးယူခံရခြင်းမရှိသေးကြောင်း ၎င်းဖြစ်စဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ကိုနေဆန်း၏ပြောပြချက်အရ သိရပါသည်။

#PAN