ဝန်လိုရွာသစ်အနီး အကြမ်းဖက်သမားများ ခိုအောင်းရာနေရာအား ရှင်းလင်း


(ပြည်တွင်း) ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဝန်လိုရွာသစ်အနီး အကြမ်းဖက်သမားများ ခိုအောင်းနေသောနေရာတစ်ခုကို တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ယမနနေ့ နေ့လည် ၃ နာရီအချိန်ခန့်က သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ထိုသို့ သွားရောက်ရှင်းလင်းရာ အကြမ်းဖက်အင်အား ၄၀ ဦးခန့်ဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ရပြီး၊ အကြမ်းဖက်များ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သောနေရာမှ တဲ ၁ လုံး၊ လက်လုပ်မိုင်း ၆ လုံး၊ ပြောက်ကျားယူနီဖောင်း ၄ စုံတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ