လက်မောင်းနဲ့ ပေါင်တံမှာဖြစ်တတ်တဲ့ Cellulite အသားအရေပျော့တွဲတာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ


(ကျန်းမာရေး) ဩဂုတ် ၁၈

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားပေးပါ။ ရေလည်း များများသောက်ပေးပါ။ ပိုစားပေးရမယ့် အစားအစာတွေကတော့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ Fatty Acids စတာတွေကို စားပေးပါ။

ဥပမာအားဖြင့် ကြက်သားနဲ့ ပန်းမုန်လာစိမ်းတွေမှာ ပရိုတင်းဓာတ်ပါဝင်ပါတယ်။ အသီးအနှံတွေကိုလည်း စားပေးပါ။ အသားအရပျော့တွဲခြင်းကို တိုက်ဖျက်ပေးမယ့် အကောင်းဆုံးအစားစာများက ငှက်ပျောသီး၊ နေကြာစေ့၊ ဂျင်း၊ သံလွင်ဆီ၊ ဂေါ်ဖီထုပ်၊ ထောပတ်သီး၊ ကြက်ဥတို ဖြစ်ပါတယ်။

ရေသောက်ပေးပါ။ တစ်နေ့ကိုအနည်းဆုံး ရေ ၁ လီတာခွဲကနေ ၂ လီတာထိ သောက်ပေးပါ။ ရေသောက်တာဟာ အသားအရေကိုလည်း လှပစေမှာဖြစ်ပါတယ်။

လျှော့စားရမယ့် အစားအစာတွေက ဆားငန်တဲ့ အစားအစာတွေ၊ ဆား၊ အချို၊ အမြန်စားအစားအစာ၊ အသင့်စားအစားအစာနဲ့ အရက်တို ဖြစ်ပါတယ်။

ဆားရေနဲ့ ရေစိမ်ပါ။ ရေချိုးကန်ထဲမှာ ရေနွေးနဲ့ ဆားရောပြီး စိမ်ပေးပါ။ ပြီးရင် ညင်သာစွာ နှိပ်နယ်ပေးပါ။ မိနစ် ၃၀ လောက်အထိ စိမ်ပေးသင့်ပါတယ်။ တစ်ပတ်ကို ၁ ကြိမ်စိမ်ပေးနိုင်ပါတယ်။ ရေနွေးနွေးနဲ့ ရေချိုးပေးပါ။

ရေကိုပူအောင်လုပ်အောင် အပူလျှော့ပြီး အေးအောင်လုပ်လိုက်(အပူတလှည့်၊ အအေးတလှည့်) လုပ်ပေးပြီး ရေချိုးပေးမယ်ဆိုရင် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေလှပစေမှာ ဖြစ်ပါတယ်။ ၁၀ မိနစ်လောက် အဲဒီလို ရေချိုးပေးပါ။

သဘာဝပစ္စည်းတွေနဲ့ ဂျေးချွတ်ပေးပါ။ ဆား ၁ ခွက်၊ သံလွင်ဆီကို ခွက်ရဲ့ ၄ ပုံ ၁ ပုံရောပြီး အသားအရေ ပျော့တွဲတဲ့နေရာမှာ လိမ်းပေးပြီး ညင်သာစွာနှိပ်ပေးပါ။

နောက်တစ်မျိုးကတော့ ကော်ဖီမှုန့်အကြမ်း ၁ ခွက်၊ သကြား သိုမဟုတ် ဆား ၁ ခွက်နဲ့ သံလွင်ဆီနည်းနည်းထည့်ပြီး လုပ်ပေးလည်းရပါတယ်။ အသားအရေ ပျော့တွဲတဲ့နေရာမှာ လိမ်းပေး၊ နှိပ်နယ်ပေးပြီး ၁၀ မိနစ်လောက်ထားပြီး ရေဆေးချပေးလိုက်ပါ။

လေ့ကျင့်ခန်းလုပ်ပေးပါ။ အသားအရေ ပျော့တွဲတာကို တိုက်ဖျက်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ ဖြစ်ပါတယ်။ တင်နဲ့ ပေါင်တံအတွက်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းတွေများများ လုပ်ပေးပါ။

Telegram»…
https://t.me/positiveanglenews

PAN

SZ