ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ပါဝင်တက်ရောက်

(ပြည်တွင်း) သြဂုတ် ၁၇

     ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူး ပေါင်းဆောင်ရွက်မှု နိုင်ငံခြား ရေးဝန်ကြီးများအစည်း အဝေးသို့ ပါဝင်တက်ရောက်သည်။

      (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စ အက်စီရိ ပင်တာရူချီ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗြူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး၊ အစည်းအဝေးသို့ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင် ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်း ဆောင်များဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး၊ မစ္စတာ ဆုပ်ချန်ဒါ ဆိုပီအာ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ဆလုံဆိုင်းခွန်မဆစ်နှင့် ဗီယက်နမ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ ငုယင် မင်းဟန်တို့လည်း ပါဝင်တက်ရောက်ကြသည်။ 

      (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် နိုင်ငံခြားရေးဝန်ကြီးများသည် မဲခေါင်-လန်ချန်း ပူး ပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပေါ် သုံးသပ်ဆွေး နွေးခဲ့ကြပြီး၊ အနာဂတ် ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

      နိုင်ငံခြားရေးဝန်ကြီးများသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ အကြား စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ရေးနှင့် စား နပ်ရိက္ခာဖူလုံရေး၊ ရေအရင်းအမြစ်နှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ နယ် စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တားဆီးကာကွယ် နှိမ်နင်းရေးနှင့် ခရီးသွားလုပ်ငန်းနှင့် ပြည်သူအချင်းချင်းချိတ်ဆက်ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရေးအပေါ် ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

     ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေး အတွင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် မြန်မာ နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်း ဆောင်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စိုက်ပျိုး ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးကို တိုးမြှင့်ဆောင်ရွက်ရေး၊ ဒေသတွင်းဘက်စုံပေါင်းစည်း ချိတ်ဆက်မှု မြှင့်တင်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်စပ် ဖြတ်ကျော်မှုခင်းများ၊ တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ် ဖောက်ကားမှုများ၊ ဆက်သွယ်ရေးလိမ်လည်မှုများ၊ အွန်လိုင်းလောင်း ကစားမှုများ တားဆီးကာကွယ်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ရေးနှင့် မဲခေါင်-လန်ချန်း ဒေသတွင်း လေထုညစ်ညမ်းမှုဖြေရှင်းရေးနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု စသည့်နယ်ပယ်များတွင်  အလေးအနက်ထား ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့သည်။

      ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် မစ္စ အက်စီရိ ပင်တာရူချီ က   (၉)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေး သို့ တက်ရောက်လာကြသည့် နိုင်ငံခြား ရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များကို  ၁၅-၈-၂၀၂၄ ရက်၊ ညပိုင်းတွင် ချင်းမိုင်မြို့ရှိ အင်တာကွန်တီနင်တယ်ဟိုတယ်၌ ကြိုဆိုဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

       မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သည် ၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အဖွဲ့ဝင် (၆) နိုင်ငံ ပါဝင်သည်။ မဲခေါင်-လန်ချန်း ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင် နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟ ချက်များကို လျှော့ချရန်အတွက် ရည်ရွယ် ဖွဲ့စည်းထား ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း စုစုပေါင်း (၁၁၈) ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထား သည်။

#PAN