“ဗင်နီစီးယပ်စ် အသင်းမှာဆက်ရှိမယ်လို့ အာမခံခဲ့တဲ့ နည်းပြ အန်‌ဆယ်လော့တီ”

(အားကစား) ဩဂုတ် ၁၇

ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီ က ယခုရက်ပိုင်းအတွင်း ဆော်ဒီလိဂ်လိဂ်မှ စိတ်ဝင်စားနေကြောင်း သတင်းများထွက်ခဲ့တဲ့ တိုက်စစ်ကစားသမား ဗင်နီစီးယပ်စ် အနေနဲ့ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ အာမခံပြောကြား ခဲ့ပါတယ်။

ဆော်ဒီပရိုလိဂ်တာဝန်ရှိသူများက ဗင်နီစီးယပ်စ် ကို လက်ရှိရီးရဲလ်အသင်းတွင် ရရှိနေသော လစာငွေထက် ၁၃ ဆပိုပေးကာ ခေါ်ယူသွားရန် ဆန္ဒရှိနေတာဖြစ်ပါတယ်။

ရီးရဲလ်အသင်းက ဗင်နီစီးယပ်စ်ကို ၂၀၂၃ ခုနှစ်တွင် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ရာ ယူရို ၁ ဘီလီယံ တန်ကြေးရှိတဲ့ လျော်ကြေးစာချုပ်ကိုလည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရပါတယ်။

#PAN