WHO က မျောက်ကျောက်ရောဂါကို စိုးရိမ်ရသည့် အရေးပေါ်ရောဂါအဖြစ်သတ်မှတ်

(နိုင်ငံတကာ)ဩဂုတ် ၁၆

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် မျောက်ကျောက်ရောဂါကို စိုးရိမ်ရသည့် အရေးပေါ်ရောဂါအဖြစ် ဩဂုတ်လ ၁၄ ရက်တွင် သတ်မှတ်လိုက်ကြောင်း သိရသည်။ အဆိုပါ ရောဂါသည် နိုင်ငံတကာသို့ ပျံ့နှံ့နိုင်သည့် အလားအလာများ ရှိနေခြင်းကြောင့် ယခုကဲ့သို့သတ်မှတ်ရခြင်းဖြစ် သည်ဟု WHO မှ ညွှန်ကြားရေးမှူးချုပ်က ဂျီနီဗာမြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ၎င်းက ယခုလို အရေးပေါ်ကော်မတီတွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ရခြင်းသည် မျောက်ကျောက်ရောဂါဖြစ်ပွားမှုအခြေအနေသည် နိုင်ငံ တကာ တွင် စိုးရိမ်ရသည့် ပြည်သူ့ကျန်းမာ ရေး အရေးပေါ်အခြေအနေအဖြစ် လက်ခံလိုက်ကြောင်း ပြောသည်။

      ယခုကဲ့သို့သော အခြေအနေသည် နိုင်ငံတကာကျန်းမာရေးဥပဒေအရ အမြင့်ဆုံးသော သတိပေးမှုဖြစ် ကြောင်းနှင့် အဆိုပါရောဂါအနေဖြင့် အာဖရိကဒေသမှ ကျော်လွန်ပြီး ကျန်ကမ္ဘာ့နိုင်ငံများသို့ရောက်ရှိလာမည်ကို စိုးရိမ်ရကြောင်း ညွှန်ကြား ရေးမှူးချုပ်က ဆက်ပြောသည်။

      ၂၀၂၄ ခုနှစ်အတွင်း မျောက်ကျောက်ရောဂါဖြစ် ပွားမှု ပမာဏသည် ပြီးခဲ့သည့်နှစ်ကထက် ပိုမိုများပြားလာသည်ကို တွေ့ရသည်။ ယခုနှစ်တွင် အဆိုပါရောဂါဖြစ်ပွားသူ ၁၄,၀၀၀ ကျော်နှင့် ရောဂါကြောင့် သေဆုံးသူ ၅၂၄ ဦးရှိလာပြီဖြစ်ကြောင်း WHO ၏ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ထိုရောဂါ သည် အာဖရိကတိုက်တစ်ခုလုံးအတွက် စိုးရိမ်ရသည့် အရေးပေါ်ရောဂါဖြစ်သည်ဟု အာဖရိက CDC က ထုတ်ပြန်ပြီးနောက် WHO က ယခုကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN