ထားဝယ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌအား PDF က ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်

(ပြည်တွင်း) ဩဂုတ် ၁၆

တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်မြို့၊ဆင်ဆိပ်ရပ်ကွက်နေ ပါတီဗဟိုကော်မတီဝင်၊ ထားဝယ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌအားယမန်နေ့ နံနက်၇နာရီခန့်တွင် အကြမ်းဖက်အဖွဲ့မှလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ထားဝယ်မြစ်ကမ်း၌ လက်နတ်ငယ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်းသိရသည်။

အဆိုပါ PDFအကြမ်းဖက်အဖွဲ့မှဖမ်ဆီးခေါ်ဆောင်သွားခဲ့သော ထားဝယ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မြင့်၏ ရုပ်အလောင်းအား ယနေ့နံနက် ၈နာရီအချိန်ခန့်တွင် ၎င်းတို့နေအိမ်အနောက်ဖက်၊ ထားဝယ်မြစ်အနောက်ဖက်ကမ်းရှိ လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာ အရှေ့ဖက် ထားဝယ်မြစ်ကမ်း၌ ဦးခေါင်းကြေမွဒဏ်ရာ၊ ယာလက် မောင်း လက်နက်ငယ်ကျည် ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိကြောင်း ဇနီးဖြစ်သူ၏ ပြောကြားချက်အရ သိရသည်။

သေဆုံးသူ ထားဝယ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးကျော်မြင့်၏ ရုပ်အလောင်းအား ဇဗ္ဗူသီရိလူမှုကူညီရေးအသင်းနှင့် ရင် ခုန်သံပရဟိတအသင်းတို့မှ သွား ရောက်သယ်ဆောင်ခဲ့ပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

#PAN#ZN