ကနေဒါအိုးပင်းမှာ ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တဲ့ ပီဂူလာ


(အားကစား) ဩဂုတ် ၁၅

ကနေဒါနိုင်ငံ တိုရွန်တိုမြိုမှာ ကျင်းပခဲ့တဲ့ ကနေဒါအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ အမေရိကန်တင်းနစ်မယ် ပီဂူလာ က ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် (၆) နေရာမှာ ရပ်တည်နေတဲ့ ပီဂူလာ နဲ့ တစ်နိုင်ငံတည်းဖြစ်တဲ့ အန်နီစီမိုဗာ တို တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲကို ပီဂူလာ က ဦးဆောင်ကစားနိုင်ခဲ့ပေမဲ့ အန်နီစီမိုဗာ က အကောင်းဆုံးပုံစံနဲ့အတူ ဖိအားပေး နိုင်ခဲ့သလို ဒုတိယပွဲလတ်မှာလည်း အနိုင်ရအောင် ကစားနိုင်ခဲ့တာကြောင့် ချန်ပီယံဆုအဆုံးအဖြတ်အဖြစ် တတိယပွဲလတ် ကို ဆက်လက်ယှဉ်ပြိုင်ခဲ့ရပါတယ်။

တတိယပွဲလတ်မှာတော့ ပီဂူလာ က အမှားအယွင်းနည်းအောင် ကစားသွားခဲ့ပြီး ပြိုင်ပွဲကို အဆုံးသတ်နိုင်ခဲ့ ပါတယ်။ ပွဲကစားချိန် ၁ နာရီနဲ့ ၂၇ မိနစ် ကြာမြင့်ခဲ့ပြီး ပီဂူလာက ၆း၃၊ ၂း၆ ၊ ၆း၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ကနေဒါအိုးပင်းချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါချန်ပီယံဆုက ပီဂူလာ အတွက် WTA တိုးပြိုင်ပွဲ ၆ ခုမြောက် ချန်ပီယံဆုဖြစ်ခဲ့သလို ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ကနေဒါအိုးပင်း ချန်ပီယံဆုကို ၂ နှစ် ဆက်တိုက် ရယူနိုင်တဲ့ ပထမဆုံးတင်းနစ်မယ်လည်း ဖြစ်လာခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ