“Online Study in Japan Fair 2024 For Myanmar ကို အွန်လိုင်းမှတဆင့် ကျင်းသွားပမည်”

(ပြည်တွင်း) ဩဂုတ် ၁၃


Okayama University (Global Network Project to Promote Study in Japan)၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA) တို့မှ ကြီးမှူးပြီး “Online Study in Japan Fair 2024 For Myanmar” ကို အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။


အဆိုပါ ပြပွဲသည် ဂျပန်နိုင်ငံကို ပညာတော်သင်သွားရန် စိတ်ဝင်စားသူများ၊ Scholarship လျှောက်ပြီး ကျောင်းတက်ချင်သူများ၊ ဂျပန်ထိပ်တန်းတက္ကသိုလ်များနှင့် တိုက်ရိုက်ဆွေးနွေးချင်သူများ၊ အလုပ်အကိုင်အခွင့် အလမ်း အကြောင်း မေးမြန်းချင်သူများအတွက် တက်ရောက်သင့်တဲ့ ပညာရေးပြပွဲ ဖြစ်ပါတယ်။


Online Study in Japan Fair 2024 For Myanmar ပွဲကို ဩဂုတ်လ ၂၉ ရက်၊ မနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီ အထိတစ်ကြိမ်၊ ဩဂုတ်လ ၃၀ ရက်၊ မနက် ၁၀ နာရီမှ ညနေ ၅ နာရီ အထိတစ်ကြိမ် အွန်လိုင်းမှတဆင့် ၂ ရက် တိုင်တိုင်ကျင်းပသွားမှာ ဖြစ်ပါတယ်။


ဒါ့အပြင် ပွဲအတွင်း ဂျပန်နိုင်ငံမှ နာမည်ကြီးတက္ကသိုလ် ၁၈ ပါဝင်သွားမှာဖြစ်ပြီး အဆိုပါ တက္ကသိုလ်များမှာ Asia University၊ Eikei University of Hiroshima၊ International University of Japan၊ Josai International University၊ Josai University၊ Kanazawa University၊ Kumamoto University၊ Kyoto University၊ Kyoto University of Advanced Science၊ Musashino University၊ Niigata University၊ Ritsumeikan Asia Pacific University၊ Ritsumeikan University၊ Shizuoka University၊ Tokyo International University၊ Toyo University၊ Tsuda University၊ Okayama University တို့ဖြစ်ပါတယ်။


ပွဲသို့ တက်ရောက်ပြီး ၎င်းတက္ကသိုလ်အသီသီးရဲ့ ကျောင်းဝင်ခွင့်အချက်အလက်တွေ၊ Scholarship အစီအစဉ် များ၊ ရွေးချယ်တက်ရောက်နိုင်တဲ့ ဘွဲ့ကြို/ဘွဲ့လွန်သင်တန်းများအပြင် ကျောင်းပြီးပါက ရရှိနိုင်မယ့် အလုပ်အကိုင် အခွင့်အလမ်းများအထိ တိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

#PAN