အကြမ်းဖက် PDF များတိုက်ခိုက်လာသော နွားထိုးကြီးမြို့အား တပ်မတော်ပြန်လည် ထိန်းချုပ်ထား


(ပြည်တွင်း) သြဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ပေါ်ကို အကြမ်းဖက်သောင်းကျန်းသူများဝင်ရောက်တိုက်ခဲ့ပြီး Drop Bomb များဖြစ်ပါ တိုက်ခိုက်ခဲ့ကြောင်း သတင်းအရင်း အမြစ်များ၏ပြောဆိုချက်များအရ သိရသည်။

ယင်းကဲ့သို့ အကြမ်းဖက်သောင်းကျန်းသူများမှ Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခဲ့ရာ နွားထိုးကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးဝင်းအတွင်းမြေကွက်လပ်သို့ ဗုံး ၁ လုံး၊ ပါတီရုံးဝင်းအတွင်းရှိ ခန်းမပေါ်သို့ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ပါတီရုံးခန်းမရှိ မျက်နှာကျက်ပြားများ၊ အမိုးသွပ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအပြီးတွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက် PDF များအား အားပေးနေကြသည့် မြို့ခံတစ်ချို့၏ ဗီဒီယိုမှတ်တမ်းဖိုင်တစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။

“ကိုယ့်ဘက်က ပြည်သူဆိုပြီး တာဝန်ရှိအဖွဲ့အစည်းတွေက သတ်မှတ်နေကြတဲ့ နွားထိုးကြီးမြို့ ပတ်ဝန်းကျင် ကျေးရွာများက အကြမ်းဖက် PDF အမာခံဒေသခံ တွေပါ”ဆိုသည့် မှတ်ချက်ဖြင့် အဆိုပါဗီဒီယိုအား ဒေသခံများမှ Telegram တွင် ရေးသားဖော်ပြနေသည်ကိုတွေ့ရသည်။

သြဂုတ် ၁၀ ရက်နေ့တွင် နွားထိုးကြီးမြို့အား ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည့် အကြမ်းဖက်သောင်းကျန်းသူများအား နွားထိုးကြီးမြို့ပေါ် လုံခြုံရေးတာဝန်ယူထားသော တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပြီး တပ်မတော်လေမှလည်း လေယာဥ်၊ ရဟတ်ယာဥ်တို့ဖြင့် ပစ်ကူပေးတိုက်ခိုက် ခြင်းကြောင့် အကြမ်းဖက်သောင်းကျန်းသူများ အထိနာကာ သြဂုတ် ၁၁ ရက်နေ့ ညပိုင်းတွင် နွားထိုးကြီးမြို့ပေါ်မှ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြ​သည်ဟု သိရသည်။

စစ်ကူစစ်ကြောင်းများမှာလည်း ယနေ့ သြဂုတ် ၁၁ ရက်နေ့ နံနက်ပိုင်းတွင် နွားထိုးကြီးမြို့နှင့် ၃မိုင်ခန့်အကွာသို့ ရောက်ရှိပြီး နယ်မြေရှင်းလင်းခဲ့ရာ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် နွားထိုးကြီးမြို့ပေါ်သို့ ရောက်ရှိပြီး ထပ်မံနယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ