နေပြည်တော် ဇဝနသိဒ္ဓိရပ်ကွက်တွင် ၃ လောင်ပြိုင် လူသတ်မှုဖြစ်ပွား


(ပြည်တွင်း)ဩဂုတ် ၁၁

နေပြည်တော်၊ ဥတ္တရ​မြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်း၊ အိမ်အမှတ်(၅၉၅၈)တွင် မိသားစုဝင် ၃ ဦး သေဆုံးနေသည်ကို တွေ့ရှိရကြောင်း နယ်မြေခံ ရဲ တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ် အချိန်ခန့်က ဇဝနသိဒ္ဓိရပ်ကွက်ရှိ အိမ်အမှတ်(၅၉၅၈)တွင် အိမ်ရှင် ဦးသန်းနိုင်ထွန်း၊ အသက် ၄၉ နှစ်၊ (ဘ)ဦးနေဝင်းသည် နေအိမ်မီးဖိုချောင်တွင် ဝဲရင်ဘတ် ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဇနီးဖြစ်သူ ဒေါ်စောသန္တာဦး၊ အသက် ၄၈ နှစ်၊ (ဘ)ဦးဟန်တင်သည် ရေချိုးခန်းအတွင်း ဝဲဘက်ဒူးအပေါ် ဓားဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပေါင် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ရင်ဘတ် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ သားဖြစ်သူ မောင်ရွှေအုပ်စိုး၊ အသက် ၂၉ နှစ်မှာ ၎င်း၏ အခန်းအတွင်း ကုတင်ပေါ်တွင် နောက်ကျော ယာဘက် ထိုးသွင်းဒဏ်ရာ ၃ ချက် တို့ဖြင့်သေဆုံးနေကြောင်း သိရသည်။

၎င်းအပြင် သေဆုံးသူဦးသန်းထွန်း၏ နေအိမ်အတွင်းမှ YGN-36/5E-9185 Ractis အမျိုးအစားခဲရောင်မော်တော်ယာဉ် ၁ စီး၊ သေဆုံးသူများ ကိုင်ဆောင်သော လက်ကိုင်ဖုန်း ၃ လုံးတို့မှာ ပျောက်ဆုံးနေကြောင်းသိရှိရပြီး၊ အဆိုပါအလောင်းများအား ​​နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူဆေးရုံကြီးသို့ သဗ္ဗသုခနာရေး ကူညီမှုအသင်းမှ ယာဉ်များဖြင့် ပို့ဆောင်ထားကြောင်း၊ လူသတ်၊ ပစ္စည်းများ လုယူသွားသူတို့အား ဥပဒေအရအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ