(နိုင်ငံတကာ)ဩဂုတ် ၈

နီပေါနိုင်ငံ အလယ်ပိုင်းတွင် ယမန်နေ့က ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်မှူးနှင့် တရုတ်ခရီးသွား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်သည် Air Dynasty လေကြောင်းမှဖြစ်ပြီး မြို့တော် ခတ္တမန္ဒူမှ တောင်တက်ခရီးသွားများ အစပြုရာနေရာဖြစ်သည့် ဆယာဘရူဘေစီသို့ ဦးတည်ပျံသန်းနေစဉ် ၃ မိနစ်ခန့်အကြာတွင် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း၊ ၎င်းနောက် နူဝါကော့ခရိုင်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဟတ်ယာဥ်ပျက်ကျနှင့် ပတ်သတ်ပြီး “လေယာဉ်မှူး အပါအဝင် လိုက်ပါလာတဲ့ လူ ၅ ဦးစလုံး သေဆုံးသွားကြောင်း၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရန် ရဟတ်ယာဉ်တစ်စင်းကို အခင်းဖြစ်ရာနေရာသို့ ချက်ချင်း စေလွှတ်ထားခဲ့ကြောင်း “ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Dan Bahadur Karki က ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews