MNDAA ပူးပေါင်းအဖွဲ့များ၏ လူမဆန်သည့် ရက်စက်ယုတ်မာမှုများအား နေပြည်တော်တွင် ကန့်ကွက်ရှုတ်ချမှုပြုလုပ်


(ပြည်တွင်း) ဩဂုတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်း လားရှိုးမြို့မှ အမှတ် ၉ ကုတင် ၁၀၀ ဆေးရုံကို ကိုးကန့်သောင်းကျန်းသူ MNDAA နှင့်ပူးပေါင်းအဖွဲ့များမှ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားပြည်သူများအပါအဝင် ကိုယ်ဝန် ဆောင်များ ကလေးငယ်များ ဆရာဝန် ဆရာမများအပါအဝင် ပြည်သူ ၁၀၀ ကျော်သေဆုံးမှုနှင့်ပတ်သက်ပြီး နေပြည်တော် မြို့တော်ခန်းမတွင် ဆန့်ကျင်ကန့်ကွက်ရှုတ်ချသည့် ဆန္ဒဖော်ထုတ်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ MNDAA အမည်ခံ ကိုးကန့်သောင်းကြမ်းသူတွေနဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုတွေကို ကန့်ကွက်ရှုတ်ချပွဲကို နေပြည်တော် မြို့တော်ခန်းမရှေ့တွင် ယနေ့ ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်း၌ ပြုလုပ်ခဲ့ပြီး ထောင်နှင့်ချီသောပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကန့်ကွက်ရှုတ်ချပွဲတွင် အကြမ်းဖက်မှုများကိုမလိုလားသူများမှ ဟောပြောခဲ့ကြပြီး ပြည်ဖျက်မိစ္ဆာအကြမ်းဖက်အဖွဲ့များကို အြမစ်ဖြတ်ခြေမှုန်းပေးရန်တောင်းဆိုခဲ့ကြကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ