မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့်ညီမဖြစ်သူတို့အား အကြမ်းဖက်သမား ၂ဦးက သေနတ်ဖြင့်ပစ်ခတ် သတ် ဖြတ်သွား


(ပြည်တွင်း)ဩဂုတ် ၆

မန္တလေးတိုင်းဒေသကြီး ၊အောင်မြေသာစံမြို့နယ်၊မေဃဂီရိရပ်ကွက်၊၁၈လမ်း၊၈၂ (A) လမ်းထောင့်တွင် ယနေ့နံနက်၇နာရီခွဲအချိန်ခန့်က မေဃဂီရိရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ညီမဖြစ်သူတို့ ၂ဦးအား အကြမ်းဖက်PDFနှစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ မေဃဂီရိရပ်ကွက်၊အုပ် ချုပ်ရေးမှူး ဒေါ်ဖြိုးသန္တာအောင်နှင့်ညီမဖြစ် ဒေါ် ခင်ဖုန်းဆုတို့ ၂ဦးသည် မော်တော်ယာဥ်အမှတ် HONDA lNSlGHT၊အနက်ရောင်အား ဒေါ်ခင်ဖုန်းဆု မောင်းနှင်ကာ ၁၈လမ်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာခဲ့ပြီး ၁၈လမ်း×၈၂(A)လမ်းထောင့်ရှိ ဆိတ်သားဆိုင်သို့ရောက်ရှိ၍ ဆိတ်သားဝယ်ပြီး ဆိုင်မှပြန်ထွက်စဥ် အ မည်မသိ လူငယ် ၂ဦးသည် ၁၈လမ်းအတိုင်း အနောက်မှအရှေ့သို့ 125 ဆိုင်ကယ် အနက်ရောင်၊နံပါတ်ဖြင့် ရောက်ရှိလာပြီး သေနတ်အတိုဖြင့် ပစ်ခတ်ကာ ၁၈လမ်းအတိုင်း အရှေ့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်သမားနှစ်ဦး၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဒေါ်ဖြိုးသန္တာအောင်မှာ ယာဘက်မျက်လုံးဘေး ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဒေါ်ခင်ဖုန်းဆုတွင် နောက်စေ့အပေါ် ထိမှန်ဒဏ်ရာ၂ချက်(စိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း၊ထိမှန်ဒဏ်ရာရရှိသူ ဒေါ် ခင်ဖုန်းဆုအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဥ် ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

#PAN

#ZN