PDF မှ ရာအိမ်မှူးဟောင်းကို လက်နှင့် မျက်လုံး‌ပုဆိုးစီးကာ ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း) ဩဂုတ် ၃

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပခန်းငယ်ကျေးရွာအုပ်စု၊ မင်းကန်ကျေးရွာအတွင်းသို့ ဇူလိုင်လ ၂၇ ရက် မွန်းလွဲ ၄ နာရီဝန်းကျင်အချိန်ခန့်က အကြမ်းဖက် PDF များဝင်ရောက်လာပြီး ရာအိမ်မှူးဟောင်း ဦးဌေးမောင်၊ အသက် ၅၅ နှစ်အား ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း သိရသည်။

ယင်းနောက် ချောက်မြို့နယ် ဝန်လိုကျေးရွာအနောက်ဖက် ၁ မိုင် ၄ ဖာလုံခန့်အကွာ မြေပဒုံ-ကူဖြူးသွားကားလမ်း ယာဘက်ဘေးကိုက် ၁၀၀ ခန့်အကွာရှိ လှည်းလမ်းဘေးတွင် အမျိုးသားတစ်ဦး လက်နှစ်ဖက် ပုဆိုးစဖြင့်တုပ်လျှက် မျက်လုံး‌ပုဆိုးကွက်စီးလျှက် သေဆုံးနေကြောင်းသတင်းအရ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်ခန့်က လုံခြုံရေးအဖွဲ့များမှ သွားရောက်ကြည့်ရှု့ရာ အဆိုပါ ရာအိမ်မှူးဟောင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်သတ်ဖြတ်ခံရသည့် ယာအိမ်မှူးဟောင်း၏ ဝဲ ဦးခေါင်းတွင် ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ လည်ပင်းဖောက်ထွက်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် ပင်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အခင်းဖြစ်နေရာအနီးမှ M22 ကျည်ခွံ (၆)တောင့် သိမ်းဆည်းရခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ