ငါန်းဇွန်မြိုနယ်၊ စည်သာကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးအား ကြမ်းဖက် PDF အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်


(ပြည်တွင်း) ဩဂုတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြိုနယ်၊ ငါန်းမြာကြီးကျေးရွာအုပ်စု၊ စည်သာကျေးရွာနေ ဦးထွန်းမင်းအောင်၊ အသက် ၄၁ နှစ်(ပြည်ခိုင်ဖြိုးပါတီဝင်)အား ယမန်နေ့ ညနေ ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ကြမ်းဖက် PDF အဖွဲ့မှ လာရောက် သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ဖြစ်စဥ်တွင် ဦးထွန်းမင်းအောင်(ပြည်ခိုင်ဖြိုးပါတီဝင်)သည် စည်သာကျေးရွာရှိ ၎င်း၏နေအိမ်၌ရှိနေစဉ် ဆိုင်ကယ် ၄ စီးဖြင့် အကြမ်းဖက် PDF အဖွဲ့ဝင် ၈ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးထွန်းမင်းအောင်၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ရကြောင်း သိရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ