မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စုအတွင်း တပ်မတော်စစ်ကြောင်းနှင့် သောင်းကျန်းသူ KNU/PDF အဖွဲ့တိုက်ပွဲဖြစ်ပွား၊ရွာသူ၊ရွာသားများ မြဝတီမြို့ပေါ်သို့ တိမ်းရှောင်နေရ

ဇွန် ၂၁

       ယမန်နေ့ ညနေ ၄ နာရီ ၁၆၀၀ ချိန်ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စု၊ ပွင့်လင်းအေးမြိုင်ကျေးရွာနှင့် တုံးတံတားကျေးရွာအနီးတွင် အကြမ်းဖက်သောင်းကျန်းသူ KNU/PDF အဖွဲ့၊ ခေါင်းဆောင် (စိစစ်ဆဲ)၊ အင်အား(၂၀၀)ဦးခန့် ဝင်ရောက်လာပြီး တပ်မတော်စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားလျှက်ရှိရာ ၎င်းတို့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မဲကနယ်ကျေးရွာအုပ်စု၊ ပွင့်လင်းအေးမြိုင်ကျေးရွာနေ ဒေါ်အေးသန်းကြည်၊ (ဘ)စိစစ်ဆဲ၊၅၄နှစ် နေအိမ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေါ်အေးသန်းကြည်၏ ကျောကုန်း
တွင် ကျည်စထိမှန်၊ ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနိုင်ရန် မြဝတီ
ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းသူ KNU/PDF အဖွဲ့ ကို ခလရ(၂၇၅)မှ လက်နက်ကြီးဖြင့် ပေးကူပေးပြီး တပ်မတော်စစ်ကြောင်းနှင့် BGF ပူးပေါင်းအဖွဲ့မှ မြေပြင်ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

        ထိုကဲ့သို့ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာ အုပ်စုအတွင်း တိုက်ပွဲများဖြစ်ပွားပြီး အကြမ်း ဖက်သောင်းကျန်းသူ KNU/PDF အဖွဲ့က လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်မှုကြောင့် ယခုလို အပြစ်မဲ့ပြည်သူများထိခိုက်မှုများရှိနေခြင်းကြောင့် မဲကနယ်ကျေးရွာအုပ်စု၊ ပွင့်လင်း အေးမြိုင်ကျေးရွာမှ ရွာသူ၊ရွာသားများသည် မြဝတီမြို့၊အမှတ် ၄ ရပ်ကွက်၊ တောရကျောင်းသို့ သွားရောက်တိမ်းရှောင်နေကြရကြောင်း၊ ယနေ့ ညနေ ၄ နာရီအချိန်ထိ ပွင့်လင်းအေးမြိုင်ကျေးရွာမှ စစ်ဘေးရှောင် ကျား ၁၁၄ ဦး၊ မ ၁၂၄ ဦး၊ ပေါင်း ၂၃၈ ဦး၊ အိမ်ထောင်စု ၅၇ စု ရောက်ရှိ ခိုလှုံလျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN