YBS မော်တော်ယာဉ်ကြီးမောင်းနှင်ရန်အတွက် သင်တန်းသားလျှောက်လွှာခေါ်ယူ


(ပြည်တွင်း) ဇူလိုင် ၁၂

ရန်ကုန်မြိုတွင်း YBS ယာဉ်ကြီးများ မောင်းနှင်ရန်အတွက် ကျွမ်းကျင်ယာဉ်မောင်းများ လိုအပ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ ကြီးကြပ်မှုဖြင့် သင်တန်းသားများ ခေါ်ယူသွားမယ်လို့ သိရပါတယ်။

အဆိုပါ မော်တော်ယာဉ်ကြီးမောင်းသင်တန်း အမှတ်စဉ် (၆/၂၀၂၄)အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ပထမပတ်မှာ ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းအတွက် လျှောက်ထားလိုသူများအနေဖြင့် “ခ” လိုင်စင် အနည်းဆုံး (၅)နှစ်သက်တမ်းပြည့်ရမှာ ဖြစ်ပြီး အသက် ၂၃ နှစ်မှ ၅၅ နှစ်အတွင်းဖြစ်ရမည်ဖြစ်ကာ အခြေခံပညာ အလယ်တန်းအဆင့်ကိုလည်း အောင်မြင်ပြီးသူဖြစ်ရမှာ ဖြစ်ပါတယ်။ အခြေခံယာဉ် မောင်းနှင်နိုင်မှုကိုတော့ ၎င်းသင်တန်းမှစစ်ဆေး ရွေးချယ်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် သင်တန်းကာလ အချိန် ၁ လ တက်ရောက်ရမှာဖြစ်ပြီး လျှောက်လွှာများယူခြင်းနှင့် တင်ရမည့် နေရာကတော့ ရန်ကုန်ဘတ်စ်ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ အမှတ်(၇)၊ ထောက်ကြန့်မြို့ ရှောင်လမ်း၊ ဘွက်ကြီးကျေးရွာအုပ်စု၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖြစ်ပါတယ်။

မော်တော်ယာဉ်ကြီးမောင်းသင်တန်း သင်တန်းသားဦးရေအကန့်အသတ်ရှိတာကြောင့် အမြန်ဆုံးလာရောက် လျှောက်ထားကြပါရန်နှင့် အသေးစိတ်သိရှိလိုပါက ဖုန်း-၀၉-၇၆၆၀၂၉၂၈၀၊ ၀၉-၄၂၀၇၃၂၅၀၈၊ ၀၉-၇၇၉၅၅၈၅၅၂ သို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ