တောင်တရုတ်ပင်လယ်အရေး အမေရိကန်၏ ကမ်းလှမ်းချက်ကို ဖိလစ်ပိုင်စစ်တပ်ပယ်ချ


(နိုင်ငံတကာ) ဇွန် ၁၀

တောင်တရုတ်ပင်လယ်အတွင်းဖြစ်ပွားနေသည့် တင်းမာမှုများနှင့်ပတ်သက်ပြီး အမေရိကန်စစ်တပ်မှ ကူညီရန် ကမ်းလှမ်းမှုများအား ဖိလစ်ပိုင်စစ်တပ်မှ ပယ်ချခဲ့ကြောင်းသိရသည်။

အငြင်းပွားမှုဖြစ်ပေါ်နေသည့် ရေပိုင်နက်အချို့တွင် တရုတ်နိုင်ငံနှင့် တင်းမာမှုများဖြစ်ပေါ်နေပြီး အမေရိကန်အနေဖြင့် စစ်ရေးအရ ကူညီရန်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဖိလစ်ပိုင် စစ်ဦးစီးချုပ် ရိုမီယို ဘရော်နာဂျူနီယာက အမေရိကန်၏ ကမ်းလှမ်းမှုအား ဖိလစ်ပိုင်အစိုးရအနေဖြင့် ငြင်းပယ်ခဲ့ပြီး ကိုယ်တိုင်ဖြေရှင်းရန် ဆန္ဒရှိကြောင်း တုန့်ပြန်ခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ