ဘီးလင်းမြို့နယ်ရှိ မင်္ဂလာဆောင်တစ်ခုတွင် အစာအဆိပ်သင့်မှုဖြစ်ပွား


(ပြည်တွင်း) ဇူလိုင် ၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာအုပ်စု၊ ကျောက်ရေတွင်းကျေးရွာတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်က ကိုသိန်းမြင့် + မအေးအေးအောင်တို့၏ မင်္ဂလာဆောင်တွင် ကျွေးမွေးသည့် ကြက်သားဒံပေါက်ထမင်းနှင့်သရက်သီးကုလားတည်များစားသုံးမိ၍ မင်္ဂလာပွဲလာသူ ၁၃ ဦး အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထိုသို့အစာအဆိပ်သင့်မှုတွင် ကျား ၆ ဦး၊ မ ၇ ဦး ပေါင်း ၁၃ ဦးဖြစ်ကြောင်းသိရပြီး အစာအဆိပ်သင့်သူများကို ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှု ခံယူလျှက်ရှိကြောင်းသိရသည်။

ကျောက်ရေတွင်းကျေးရွာမှ အစာအဆိပ်သင့်သူ ၁၃ ဦးတို့မှာ အစာအဆိပ်သင့်၍ အော့အန်ကြရာ မစိုးရိမ်ရကြောင်း ၊ အစာအဆိပ်သင့်သူများမှာ ကလေးငယ်များအပါအဝင် အမျိုးသမီး ၇ ဦး အမျိုးသား ၆ ဦးပါဝင်ကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ