(နိုင်ငံတကာ) ဇူလိုင် ၇
ပြိုကျပျက်စီးနေသော ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Toretsk မြို့၌ စစ်ဘေးရှောင်ထွက်ခွာလိုသူတိုင်းအတွက် အချိန်နည်းနေပြီဖြစ်ပါသည်။
ရုရှားတပ်ဖွဲ့များသည် တစ်ဖြည်းဖြည်း အရှေ့သို့တိုးထိုးစစ်ဆင်လာနေပြီး Donetsk ဒေသတွင် ကျယ်ပြန့်သော ထိုးစစ်ဆင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဒုံးကျည်များ၊ အမြောက်ပစ်ခတ်မှုများ၊လေကြောင်းတိုက်ခိုက်မှုများကိုအသုံးပြု၍မြို့တွင်းသို့နေ့ရောညပါ စစ်ဆင်ရေးပြုလုပ်နေသည်။

အဆိုပါထိုးစစ်ဆင်လာမှုကိုလည်းယူကရိန်းဖက်မှ တားဆီးနိုင်ခြင်းမရှိသေးတာကိုမြင်တွေ့နေရပါသည်။
မီးလောင်ထားသော တိုက်ခန်းများ၊အပျက်အစီးများ ကြားတွင် လူနေရန်မဖြစ်နိုင်တော့ပဲ ၊ဘုရားကျောင်းတစ်ခု၏မျှော်စင်တစ်ခုမှာ လည်းပြိုလဲပြီး မီးခိုးလုံးများ ထွက်ပေါ်နေသည်။သက်ကြီးရွယ်အိုအများစုနေထိုင်သည့်
လူနေအိမ်ဝင်းတစ်ခုတွင် အရာရှိ Ivanဦးဆောင်သော လူတစ်စုသည် အဆိုပါသက်ကြီးရွယ်အိုများကိုToretsk မှထွက်ခွာရန် စည်းရုံးသိမ်းသွင်းရန် ကြိုးစားနေကြသည်။

သူကဲ့သို့ ရာနှင့်ချီသော အရာရှိများနှင့် ယူကရိန်း စေတနာ့ဝန်ထမ်းများသည် ရုရှားတို့ သိမ်းပိုက်ထားသော နယ်မြေအတွင်းသို့ မရောက်မီ ရှေ့တန်းတလျှောက် မြို့ရွာများတွင် အလားတူ လုပ်ဆောင်ရန် ကြိုးစားနေကြသည်။
Toretsk တွင် လူ 5,000 ခန့် ကျန်ရှိနေသေးကြောင်း ဒေသတွင်း စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေး ကိုယ်စားလှယ် Tetyana Nikonova ၏ ပြောကြားချက်အရ သိရှိရသည်။ထိုအချိန်တွင်ဒေသခံများကလည်း အနေဖြင့် မီနီဗန်ကားများ ပတ်လည်တွင် စုဝေးကာ ထွက်ခွာရန်ပြင်ဆင်နေကြသည်။



မြို့တွင် လွန်ခဲ့သောဆယ်စုနှစ်တစ်ခုက ခန့်မှန်းခြေ လူဦးရေ ၃၅,၀၀၀ ရှိခဲ့သည်။
“လူတော်တော်များများက ထွက်သွားဖို့ ငြင်းဆန်ကြတယ်။ သူတို့နဲ့ စကားပြောတယ်၊ စစ်သားတွေက သူတို့ကို စည်းရုံးဖို့ ကြိုးစားပေမယ့် မသွားချင်ကြဘူး” ဟု သူမက ဆိုသည်။ “ကျွန်မတို့က သူတို့ကို တတ်နိုင်သလောက်၊ နေရာထိုင်ခင်း၊ သယ်ယူပို့ဆောင်ရေးတွေအားလုံးကို အခမဲ့ပေးတယ်၊ ဒါပေမယ့် လူတွေက မြေအောက်ခန်းထဲမှာ ပုန်းနေကြတယ်။”
ဟုမှတ်ချက်ပေးခဲ့သည်။
ဇွဲ (Hydro)