တာချီလိတ်မြို့တွင် သတင်းအရ မူးယစ်ဆေးဝါးဖမ်းဆီးရာ သေနတ်တစ်လက် ဖမ်းဆီးရမိ

(မှုခင်း) ဇူလိုင် ၄

မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါးသတင်းအရ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်၊ဝမ်ဟောင်ရွာရှိ နေအိမ်အား ယမန်နေ့ ဇူလိုင်လ ၃ ရက်နေ့ နေ့လည်ပိုင်းတွင် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေခဲ့ကြကြောင်း သိရသည်။

ထိုသို့ဝင်ရောက်ရှာဖွေရာတွင် နေအိမ်အတွင်း၌ အောင်သူရဝင်း ဆိုသူ အမျိုးသားကို တွေ့ရှိရသဖြင်နေအိမ်အတွင်းဆက်လက်ရှာဖွေရာ ကုတင်ခြေရင်းမှ တူရကီနိုင်ငံထုတ် BLOW TR 14 AUTO တံဆိပ်ပါသည့် ပစ္စတိုသေနတ် (၁)လက် နှင့် ကျည်ဆံ အတောင့်(၂၀)တို့ကို ရှာဖွေ တွေ့ရှိ သိမ်းဆည်းရှိခဲ့ကြောင်း သိရသည်။

၎င်း အောင်သူရ၀င်းဆိုသူအား ဟောင်လိတ်နယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း တာ၀န်ရှိသူများထံကသိရသည်။

PAN