မုံရွာမြို့ မြဝတီရပ်ကွက်တွင် အကြမ်းဖက် PDFများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ

(ပြည်တွင်း)ဇွန် ၂၁

ယမန်နေ့ ညနေ ၇ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်တွင်နေထိုင်သော အကြမ်းဖက် PDF ထူးနိုင်ဝင်း(ခ)ထူးလေး၏ နေအိမ်တွင် လက်နက်ခဲယမ်းများ သိမ်းဆည်းထားကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးအဖွဲ့များက သွားရောက်ရှာဖွေ စစ်ဆေးခဲ့ရာ ၎င်း၏မိခင် အမာစီနှင့်အတူ လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိကြောင်းသိရသည်။

အဆိုပါသိမ်းဆည်းရမိသောလက်နက်ခဲယမ်းများမှာ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ပွိုင့် ၃၈ ကျည် ၅၀ တောင့်၊ ညကြည့်စနိုက်ပါမှန်ပြောင်း ၁ ခု၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာဦးထုပ် ၁ လုံး၊ မိုးကာတဲ ၁ လုံး၊ ပုခက် ၁ စုံ၊ ကျောပိုးအိတ် ၂ လုံး၊ ပြောက်ကျားအင်္ကျီ ၁ ထည်၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ 205 ကွန်မန်ဒိုအင်္ကျီ ၁ ထည်၊ လက်အိတ် ၁ စုံ၊ D တံဆိပ်ပါလက်ပတ်နီ ၁ ခု တို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

#PAN