ကွမ်းစားခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ


(ကျန်းမာရေး) ဇွန် ၂၁

ကွမ်းထဲမှာ ပါဝင်တဲ့ အချို ဓာတုပစ္စည်းတွေက ကင်ဆာကို ဖြစ်ပွားစေနိုင်ပြီး အခြား ပစ္စည်းတွေက အဆိပ်အတောက်ဖြစ်တဲ့အထိ ရှိပါတယ်။ ကွမ်း ၈ဂရမ်ကနေ ၃၀ဂရမ်အတွင်း စားသုံးရင် အသက်အန္တရာယ်ကိုတောင် ထိခိုက်စေနိုင်ပါတယ်။

ကွမ်းစားရင် ခံတွင်းထဲမှာ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်စေနိုင်ပါတယ်။ ပါးစပ်နဲ့ လည်မျိုမှာ အနီကွက်တွေ၊ အဖြူကွက်တွေလည်း ဖြစ်နိုင်ပြီး ခံတွင်း ကင်ဆာ၊ လည်မျို ကင်ဆာ၊ အစာအိမ် ကင်ဆာ‌တွေဖြစ်စေနိုင်ပါတယ်။

သွားဖုံးနဲ့ သွား ပျက်စီးမှု၊ သွားတွေ မည်းညစ်စေခြင်း၊ သွားတွေ ယိုယွင်းကြွေကျခြင်းတို ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ကွမ်းနဲ့ ဆေးရွက်ကြီးက ဖြတ်ရအခက်ဆုံး ဆေးစွဲမှုဖြစ်တဲ့ နီကိုတင်းစွဲစေနိုင်ပါတယ်။

အဲ့ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နိုတိုက်မိခင်တွေဟာ ကွမ်းစားခြင်းကို လုံးဝရှောင်ကြည် သင့်ပါတယ်။ ကွမ်းမှာပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေဟာ မိခင်နိုကနေ တစ်ဆင့် ကလေးငယ်ဆီကို ရောက်ရှိသွားစေနိုင်ပါတယ်။ ကွမ်းက ပန်းနာရင်ကျပ် ရောဂါကို ပိုဆိုးစေပါတယ်။

ဒါ့အပြင် ဆီးလမ်းကြောင်းတွင်း စစ်ထုတ်မှုတွေ များပြားစေတာကြောင့် ဆီးလမ်းကြောင်း ပိတ်မှုကို ပိုဆိုးစေနိုင်ပါတယ်။ ကွမ်းစားခြင်းကြောင့် နှလုံးခုန်မူ မမှန်မှု ကြုံတွေ့ ခံစားရပါတယ်။ သွေးပေါင်ကျခြင်း၊ သွေးပေါင်တက်ခြင်းနှင့် နှလုံးရောဂါလည်း ဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။

ကွမ်းက အစာအိမ်နဲ့ အူတွေမှ အရည်ထုတ်မှုကို တိုးမြှင့်တာကြောင့် အစာအိမ်နာ၊ အူနာရှိ သူတွေ အနေနဲ့ ပိုပြီးအန္တရာယ်ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာလည်း အရွယ်မတိုင်မီ ရုပ်ရင့်ခြင်းကို ဖြစ်စေပါတယ်။ ဒါ့အပြင် စားသောက်ခြင်းရဲ့ ဇီဝဖြစ်စဉ်ကို ကမောက်ကမ ဖြစ်ခြင်းကြောင့် ဝိတ်ချလိုသူတွေ၊ ဝိတ်တက်လိုသူတွေအတွက် ခက်ခဲခြင်းမျိုးဖြစ်စေပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ