တာချီလိတ်တွင် တရုတ်နိုင်ငံသားများနှင့် တောရိုင်းတိရိစ္ဆာန်များ ဖမ်းဆီရမိ


(ပြည်တွင်း)ဇွန် ၂၀

ရှမ်း/အရှေ့၊ တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ဝမ်ကျောက်လုံကျေးရွာ၊ အိမ်အမှတ် ဝကလ-၀၆၄ နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသား ကျား ၄ ဦးတို့အား လက်နက်ခဲယမ်းများ၊ ကျား၊ ခြင်္သေ့၊ ဝက်ဝံများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ နေရာအား သတင်းရရှိမှုနှင့်အတူ နယ်မြေခံလုံခြုံရေးအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ တရားမဝင် တရုတ်နိုင်ငံသားများဖြစ်သော ရှောက်ဟူ၊ လောင်ရောင်း၊ လောက်လျှိုး၊ အားဖိတ် တို့အား MK 12 တစ်လက်၊ MK 16 တစ်လက်၊ CZ 512 တစ်လက်၊ GLock -19တစ်လက်၊ Sig Sauer တစ်လက် စသည်တို့အား ကျည်အိမ်များနှင့် ကျည်ဆံတို့အား လည်းကောင်းဆယ်သွယ်ရေး စကားပြောစက် ၈ လုံး၊ ကတ်တမင်း ၁၅၀ ဂရမ်ခန့်နှင့်အတူ ကျား ၁ ကောင်၊ ခြင်္သေ့ ၁ ကောင်၊ ဝက်ဝံ ၂ ကောင်အား သိမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၄ ဦးအား ဟောင်လိတ်စခန်းတွင် ဖမ်းဆီးထိမ်းသိမ်းထားပြီ သက်ဆိုင်ရာပုဒ်မများနှင့် အရေးယူနိုင်ရေး ဆောင်ရွက်သွား မည်ဟု သတင်းရရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ