မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာအနီး အဘစ် ပူးပေါင်းစစ်ရဆေးရေးဂိတ်တွင် လက်နက်ခဲယမ်းများနှင့်အတူ အမျိုးသား ၁ ဦးဖမ်းဆီးရမိ


(ပြည်တွင်း) ဇွန် ၂၀

ယနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီး အဘစ် ပူးပေါင်းစစ်ရဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့မှ လုံခြုံရေး ဆောင်ရွက်နေစဉ် ဆိုင်ကယ်တူးဘောက်အတွင်းမှ လက်နက်ခဲယမ်းများနှင့်အတူ အမျိုးသား ၁ ဦး ဖမ်းဆီးရမိကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်၌ ကြာအင်းဆိပ်မြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာဘက်မှ ကမာဝက်မြို့ဘက်သို့ အဘစ်-ခလယ်တံခွန်တိုင်သွားကားလမ်းအတိုင်း MON-73W-3779 HONDA WAVE I 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်မောင်းနှင်လာသည့် မောင်ဇင်အေးကျော်၏ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူဘောက်အတွင်းမှ P-320 အမျိုးအစား ပစ္စတို ၅ လက်၊ ကျည်အိမ် ၁၀ ခု၊ ၉ မမကျည် ၄ တောင့် တို့ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ဖမ်းဆီး ထိန်းသိမ်းကာ စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ