ကွင်းစ်ကလပ်ချန်ပီယံရှစ် ပထမအဆင့်မှာ အနိုင်ရရှိခဲ့တဲ့ မာရေး


(အားကစား) ဇွန် ၂၀

ဗြိတိန်တင်းနစ်သမား အင်ဒီမာရေး ဟာ သူ့ရဲ့ကစားသမားဘဝ အေတီပီတိုးနိုင်ပွဲ ၁,၀၀၀ ပြည့်အဖြစ် ဇွန်လ ၁၈ ရက်က ကစားခဲ့တဲ့ ကွင်းစ်ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲပထမအဆင့်မှာ နိုင်ပွဲရခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် အင်ဒီမာရေး ဟာ အခုနောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာတွေကြောင့် နိုင်ပွဲတွေ ရဖို့ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာကျင်းပတဲ့ ကွင်းစ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အင်ဒီမာရေး ဟာ အိမ်ရှင်ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပထမအဆင့်အဖြစ် မာရေး ဟာ ဩစတြေးလျတင်းနစ်သမား ပိုပီရင် နဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အင်ဒီမာရေး က ပြိုင်ဘက်ကို ဖိအားပေးပြီး ကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ မာရေး က ၆း၃၊၃း၆၊၆း၃ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် အင်ဒီမာရေးဟာ ဂျိုကိုဗစ်၊ နာဒယ်၊ ဖာရာ၊ ဗာဒက်စ်ကို၊ ဂတ်စ်ကွက်စ်တို့ပြီးနောက် အေတီပီတိုးနိုင်ပွဲ အများဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ