အစ္စရေးနှင့် စစ်ဖြစ်ပါက ဆိုက်ပရက်စ်ကျွန်းအား ပြစ်မှတ်ထားမည်ဟု ဟစ်ဘိုလာသတိပေး


(နိုင်ငံတကာ) ဇွန် ၂၀

အစ္စရေးနှင့် လက်ဘနွန်တို့ စစ်ဖြစ်မည်ဆိုပါက ဥရောပနိုင်ငံ တစ်နိုင်ငံဖြစ်သည် ဆိုက်ပရက်စ်ကျွန်းနိုင်ငံအား ပစ်မှတ်ထားမည်ဟု ဟစ်ဘိုလာအဖွဲ့မှ သတိပေးလိုက်သည်။

ဆိုက်ပရက်စ်သည် ၂၀၁၄ ခုနှစ်တွင် အစ္စရေးနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည့် နိုင်ငံဖြစ်ပြီး လက်ဘနွန်နိုင်ငံနှင့် ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) သာဝေးသည့်အပြင် ဗြိတိန်လေတပ်စခန်းရှိသည့်ကျွန်းလည်းဖြစ်သည်။

ဟစ်ဘိုလာအဖွဲ့၏အထွေထွေအတွင်းရေးမှူး Hassan Nasrallah သည် ၎င်းတို့ အဖွဲ့၏ စစ်စွမ်းရေများအား ထုတ်ဖော် ပြောဆိုခဲ့သည့်အပြင် ယခုကဲ့သို့ ပြင်းထန်သည့် သတိပေးချက်အား ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

အစ္စရေးဟားမတ်စ်စစ်ပွဲ၏ နောက်ဆက်တွဲအဖြစ် လက်ဘနွန်နယ်စပ်တွင်လည်း အစ္စရေးနှင့်ဟစ်ဘိုလာအဖွဲ့များနှင့် ထိတွေ့မှုကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ပြီး တင်းမာမှုမြင့်တက်ခဲ့သည်။

Nasrallah ၏သတိပေးမှုကို ဆိုက်ပရပ်စ်သမ္မတ Nikos Christodoulides က တုံ့ပြန်ရာတွင် ဆိုက်ပရက်စ်ကျွန်းနိုင်ငံသည် စစ်ရေးပဋိပက္ခများတွင်မပါဝင်ကြောင်းပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်သည် ဟစ်ဇ်ဘိုလာနှင့်တင်းမာမှုများ လျှော့ချရန် သံတမန်ရေးရာ ကြိုးပမ်းမှုများ အောင်မြင်နိုင်ချေမရှိသည့်အတွက် လက်ဘနွန်သို့ ထိုးစစ်ဆင်ရန်ပြင်ဆင်နေပြီး အဆင်သင့်ဖြစ်နေကြောင်း ဒေသတွင်း မီဒီယာများမှ ဖော်ပြလျက်ရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ