မြောက်ကိုရီးယားမှ ရုရှား သမ္မတပူတင်အား ခမ်းနားစွာကြိုဆို


(နိုင်ငံတကာ) ဇွန် ၁၉

၂၄ နှစ်အတွင်း ပထမဦးဆုံးအကြိမ်အဖြင့် ရောက်ရှိလာသည့် ရုရှား သမ္မတပူတင်အား မြောက်ကိုရီးယားနိုင်ငံမှ ခမ်းနားစွာကြိုဆိုခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား၏ သုံးဆက်မြောက်ခေါင်းဆောင်ဖြစ်သူ ကင်မ်သည် ရုရှားသမ္မတပူတင်အား လေဆိပ်အထိ သွားရောက်ကာ ဖက်လဲတကင်းကြိုဆိုခဲ့သည်။

သမ္မတပူတင်အား ယနေ့ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပြုံယမ်းမြို့ရှိ ကင်အီဆွန်ရင်ပြင်တွင် ထောင်နှင့်ချီသော မြောက်ကိုရီးယားပြည်သူများနှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာ knca ၏ ဖော်ပြချက်အရ နှစ်နိုင်ငံပြည်သူများ၏ ဘုံဆန္ဒနှင့်အညီ မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေးအား ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အတွင်းကျကျဆွေးနွေးခဲ့ကြောင်း သိရသည်။

သမ္မတပူတင်သည် မြောက်ကိုရီးယားနိုင်ငံတွင် နှစ်ရက်တာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် လည်ပတ်သွားမည်ဖြစ်ပြီး ဆက်လက်၍ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာရန်ရှိကြောင်းသတင်းများထွက်ပေါ်လျက်ရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ