သောင်းကျန်းသူအခြေပြုစခန်း ဒုံးထိမှန်သဖြင့် သေဆုံးဒဏ်ရာရရှိသူများပြားဟုဆို


(ပြည်တွင်း) ဇွန် ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ သောင်းကျန်းသူအခြေပြုစခန်းတစ်ခုဟာ တပ်မတော်ကပစ်ခတ်လိုက်သည့် ဒုံး ထိမှန်ခဲ့သည့်အတွက် သောင်းကျန်းသူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြ သလို သေဆုံးသူများလည်း ရှိကြောင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

ယင်းသောင်းကျန်းသူစခန်းသည် ကော့ကရိတ်မြို့တောင်ဘက်ပိုင်းက ဘော့ဒိုင်းကျေးရွာတွင်ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများမှ အခြေပြုစခန်းချကာ သင်တန်းများပေးနေသော နေရာဖြစ်ကြောင်း သိရသည်။

သောင်းကျန်းသူများ အခြေပြုကာဖွင့်လှစ်ထားသည့် သင်တန်းကျောင်းအား နယ်မြေခံတပ်မှ ဒုံးများဖြင့်ပစ်ခတ်ရာ ၎င်းတို့၏စခန်းချနေရာနှင့် တန်းလျားသဘောမျိူး အဆောက်အဦးထိမှန် ပျက်စီးခဲ့ ကြောင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

“တန်းလျားပေါ်တည့်တည်ကျတာလို့ပြောတယ်။ အော်ဟစ်နေကြတာ ယောက်ယက်ခပ်နေကြတာပဲ တချို့က ကားတွေပြေးယူတဲ့သူကပြေးယူနေကြတယ်။ ကား၂စီး ပေါ်သို့တွဲတင်ပြီး အစွန်းဆေးရုံဘက်ကို သယ်ထုတ်သွား တာတွေ့ရတယ်” ဟု ဒေသခံများပြောပြချက်အရ သိရသည်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ကော့ကရိတ်မြို့နယ်တွင်းက လှုပ်ရှားနေတဲ့ကျားဖြူတပ်ခွဲ ၅ ဟာ တပ်မတော်ရဲ့ မြေပြင်နဲ့လေကြောင်းပူးပေါင်းတိုက်ခိုက်မှုကြောင့် ကျားဖြူတပ်ခွဲနဲ့ တပ်မဟာ ၆ က ခုနှစ်ယောက် သေဆုံးပြီး တပ်ဖွဲ့ဝင် ၄၅ ယောက် ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ